မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါဖလားပွဲစဉ် မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဝေးကွင်းမှာ လီဂါနက်အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုနိုင်ပွဲကြောင့် ရမှတ် ၄၈ မှတ်နဲ့ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ညကယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ နည်းပြဇီဒန်းကတော့ စီရော်နယ်ဒိုကို အနားပေးခဲ့တာလည်းဖြစ်ပါတယ်။

လီဂါနက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရာမို့စ်၊ အီရာဆို၊ အယ်ဇာ၊ ဂန်ဘာ၊ ပီရက်၊ ဘီယူဗူး တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဗက်စ်ကွက်၊ အဆန်စီယို၊ ဘန်ဇီမာ၊ အစ္စကို၊ ကိုဗာဆစ်၊ ကတ်စမဲရိုး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လီဂါနက်အသင်းဟာ ပွဲစမှာ ဦးဆောင်ဂိုးသွင်းယူထားနိုင်ခဲ့ပေမယ့် ကျန်ပွဲချိန်တွေမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကစားကွက်အောက်ရောက်ရှိခဲ့ပြီး ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ လီဂါနက်အသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ၆ မိနစ်မှာပဲ ဘူစတင်ဇာ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးကိုတော့ ၁၁ မိနစ်မှာ ဗက်စ်ကွက်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၂၉ မိနစ်မှာတော့ ကတ်စမဲရိုးက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဦးဆောင်ဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက် အနိုင်သေချာစေမဲ့ဂိုးကိုတော့ ရာမို့စ် က မိနစ် ၉၀ မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။