ဆယ်ကျော်သက်ပရိသတ်တွေရဲ့အသဲ ချစ်စရာကောင်းမလေးပန်းရောင်ခြယ် တစ်နေ့တစ်ခြားပိုပိုပြီး ချစ်ဖို့ကောင်းလာပါတယ်။သူမရဲ့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေကို ခေတ်သစ်မိုနာလီဇာလို့တောင် ပရိသတ်တွေကတင်စားနေကြပါတယ်။ရုပ်လေးကလည်းချော အသံလေးကလည်းကောင်းတဲ့ သူမကတော့ ပုရိသပရိသတ်တွေရဲ့ အာရုံထားစရာ အချစ်တော်လေးဖြစ်လို့နေပါတယ်။  

လက်ရှိမှာတော့ ပန်းရောင်ခြယ်တစ်ယောက် ဘန်ကောက်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ဘန်ကောက်ကို ခရီးလေးထွက်ရင်း ပျော်ရွှင်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုလည်းသူမရဲ့လူမှုကွန်ယက်မှာမျှဝေပေးထားတာ ပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေရဲ့ ရင်ခုန်သံကိုပိုမိုမြန်ဆန် လာစေခဲ့တာပဲ ဖြစ်ပါတယ်။ 

သူမသီချင်းလေးတွေကိုမှနားဆင်ချင်ကြတဲ့ ပရိသတ်တွေအတွက်လည်း သူမရဲ့လူမှုကွန်ယက်မှာ သီချင်း အသစ်လေးတွေကို အမြဲမျှဝေပေးနေတာပဲ ဖြစ်ပါတယ်။လက်တလောမှာလည်း “လိပ်ပြာ”ဆိုတဲ့သီချင်းအသစ် လေးကို ပရိသတ်တွေထံမျှဝေပေးခဲ့ပြီး ပရိသတ်တွေကြားမှာအရမ်းကိုပေါက်နေတဲ့သီချင်းလေးဖြစ်နေပါတယ်။ မကြာခင်မှာလည်း သီချင်းအသစ်လေးတွေကို ထပ်မံမျှဝေပေးအုန်းမှာ ဖြစ်တာကြောင့် ပရိသတ်တွေဆက်လက် စောင့်မျှော်အားပေးကြပါအုန်းနော်။  

သတင်းအရင်းအမြစ် - ပန်းရောင်ခြယ်   

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။