Myanmar Idol Season I ရဲ့ Top Ten စာရင်းဝင်တစ်ဦးဖြစ်သလို ပရိသတ်အားပေးမှုနဲ့ထပ်တူကျခဲ့သူတစ်ဦးလည်းဖြစ်သူကတော့ ယွန်း ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နေစဉ်အတွင်းမှာလည်း ပရိသတ်အားပေးချစ်ခင်မှုကို ရရှိခဲ့သလို ပြိုင်ပွဲပြီးဆုံးသွားချိန်မှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိနေဆဲဖြစ်ပါတယ်။ ယောက်ျားလေး ပရိသတ်အများစုရဲ့ အားပေးမှုကို ရရှိထားတဲ့ သူမရဲ့အချစ်ရေးဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်ပါတယ်။

ယွန်းဟာ ပြိုင်ပွဲပြီးတဲ့နောက် ချစ်ရတဲ့ချစ်သူရခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား သူတို့စုံတွဲဟာ အားကျစရာ စံပြစုံတွဲတွေထဲမှာ ပါဝင်လို့နေတာတွေ့ရပါတယ်။ နှစ်ဦးစလုံးရဲ့ လူမှုစာမျက်နှာမှာ တစ်ယောက်အကြောင်းတစ်ယောက် အမြဲတင်လေ့ရှိပြီး ချစ်ခင်ဂရုစိုက်ကြတာကိုလည်း အားကျဖွယ်တွေ့ရှိရပါတယ်။ မနေ့ကလည်း ယွန်း တို့ချစ်သူစုံတွဲကတော့ ပရိသတ်တွေအားကျစရာတစ်ခု ထပ်လုပ်လိုက်တယ်လို့ သိရပါတယ်။

မနေ့ကတော့ သူတို့ချစ်သူနှစ်ဦးရဲ့ one month anni ဖြစ်ပြီး ယွန်းရဲ့ချစ်သူကတော့ ယွန်းအတွက် အမှတ်တရဖြစ်အောင် ဖန်တီးပေးထားတာလေးကို တွေ့ရပါတယ်။ ယွန်းကတော့ အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ " အမြဲပြုံးပျော်စေသူ" ဆိုပြီး သူမရဲ့ချစ်သူကို ရည်ညွှန်းပြောဆိုထားတာ တွေ့ရပါတယ်။ လတ်တလောမှာတော့ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံလေးတွေက နာမည်ကြီးနေပြီး ပရိသတ်တွေကြား ရေပန်းစားလို့နေပါတယ်။

Photo: Yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။