နူတ်ခမ်းနီမလေးတွေရဲ့ အသည်းကိုအစိမ်းလိုက်ကွဲသွားစေမယ့် သတင်းလေးတစ်ခုပျံံနှံ့လို့နေခဲ့ပါတယ်။ အကြောင်းအရာလေးကတော့ အနုပညာလောကရဲ့ နာမည်ကြီး မော်ဒယ်လ်တစ်ဦးဖြစ်သလို ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားသူလည်းဖြစ်တဲ့ ပိုင်တံခွန်တစ်ယောက် အချစ်သစ်နဲ့တွေ့ရှိသွားလို့ဖြစ်ပါတယ်။ 

ပိုင်တံခွန်ရဲ့ ချစ်သူလေးကတော့ ပရိသတ်တွေ သိထားပြီးသားဖြစ်တဲ့ Miss Intercontinental Myanmar 2014 Winner ဆုရှင်ဖြစ်တဲ့ အိန်ဂျယ်လမုံ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ မကြာခဏဆိုသလို ဓာတ်ပုံရှုတင်တွေရိုက်နေရသူတွေဖြစ်ပြီး လက်ရှိမှာတော့ တွဲနေကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ယမန်နေ့မှာတော့ "သူနဲ့ သာဆိုရင်"ဆိုတဲ့ Captionလေးနဲ့ သူတို့နှစ်ယောက်ရဲ့ ကြည်နူးဖွယ်စုံတွဲပုံလေးတင်ထားတာဖြစ်ပါတယ်။ 

အိန်ဂျယ်လမုံရဲ့ ဓာတ်ပုံလေးတွေအောက်မှာ ပိုင်တံခွန်ရဲ့ comment တွေကို မကြာမကြာတွေ့နေရပြီး အိန်ဂျယ်ရဲ့ caption အများစုကလည်း "ကို" ဆိုပြီးအမြဲလိုလို ရည်ညွှန်းဖော်ပြရေးသားနေပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ နှစ်ဖက်လုံးရဲ့ ပရိသတ်တွေကရော သူတို့နှစ်ယောက်ကို သဘောတူကြည်ဖြူကြတယ်မလား??။

Photo - Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။