ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ရွာနှင့်နမ့်ဖလွန်းရွာအကြား တွင် ပျက်စီးနေသည့်တော်ယာဉ် ၁ စီးတွင် အလောင်း တစ်လောင်းတွေ့ရှိ

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ကွတ်ရွာနှင့် နမ့်ဖလွန်းရွာအကြား ရှုခင်းသာနေရာတစ်ဝိုက်တွင် ယာဉ်ကြောပိတ်ဆို့လျက်ရှိကြောင်း သတင်းအရ လမ်းဘေးဝဲ/ ယာတစ်လျှောက်အား ဖြန့်ခွဲရှင်းလင်းစဉ် မိုင်တိုင်အမှတ် ၊ ၂၃၇/ ၃ အနီး ကားလမ်းဘယ်ဘက်ခြမ်းမီတာ ၃၀ ခန့်အကွာ လျှိုအတွင်း၌ ယာဉ်တစ်စီး တိမ်းမှောက်နေသည်ကိုတွေ့ရှိရသဖြင့် ယာဉ်အားအသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အသေးစိတ်စစ်ဆေးချက်အရ ယာဉ်အမှတ်၊ MDY 6K/----- ပရိုဘောက်(အဖြူ ရောင်)ယာဉ်၏ အင်ဂျင် အဖုံး၌ လက်နက်ငယ်ကျည်ဖောက်ဝင်ထားသည့် အပေါက် ၃ ပေါက်နှင့် ရှေ့လေကာမှန်/ နောက်ပိတ် တံခါးမှန်များ ကြေမွပျက်စီးနေပြီး ယာဉ်မောင်းဖြစ်သူ မြစ်သားမြို့နေ ရဲမောင်(ဘ) ဦးသံချောင်းမှာ ဝမ်းဗိုက်တွင် လက်နက်ငယ်ကျည် ထိမှန်သေဆုံးနေသည်ကို တွေ့ရှိရသည်။

သေဆုံးသူအလောင်းအား သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကွတ်ခိုင်မြို့မရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။