ပရိသတ်အချစ်တော်မင်းသမီးချောလေး မိုးပြည့်ပြည့်မောင်ကတော့ လက်ရှိမှာဖြစ်ပျက်နေတဲ့ သက်ငယ်မုဒိန်းမှု နဲ့ပတ်သတ်ပြီး အပြင်းအထန်ကိုဝေဖန်ရှု့ချလိုက်ပါတယ်။သမီးမိန်ကလေးတစ်ယောက်ရဲ့ မိခင်လည်းဖြစ်တဲ့သူမ ကတော့ဒီလိုသတင်းတွေကြားရတိုင်း အရမ်းကိုရင်နင့်အောင်ခံစားရတယ်လို့ဆိုပါတယ်။ဒီအကြောင်းတွေကို တော့ အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တာဖြစ်ပြီး မျက်ရည်တွေဝဲရတဲ့အထိ စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ 

လက်ရှိမှာ သက်ငယ်မုဒိန်းမှုတွေကလည်း မကြာခဏဆိုသလို ကြားနေရပြီးစိတ်မကောင်းဖြစ်ရလွန်းလို့ အဲ့ဒီသတင်းတွေဆိုရင် ဝင်တောင်မဖတ်ဖြစ်တော့ပါဘူးလို့ဆိုပါတယ်။သူမအနေနဲ့လည်း စိတ်မကောင်း ဖြစ်ရုံ ဝဋ်ကြွေးတွေကြေပါစေဆုတောင်းပေးရုံကလွဲပြီး ဘားမှမတက်နိုင်ပေမယ့် အဲ့လိုကျူးလွန်တဲ့တရားခံတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှုကိုတော့ လိုလားတယ်လို့ဆိုပါတယ်။သေဒဏ်မဟုတ်ရင်တောင် တစ်သက်လုံးဘယ်လိုလွတ်ငြိမ်းချမ်းသာမှာမှ မပါတဲ့တစ်သက်တစ်ကျွန်းမျိုး ကျစေချင်တယ်လို့အင်တာဗျူးမှာ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ တရားခံ တစ်ယောက်နှစ်ယောက်လောက်ကိုစံပြအနေနဲ့ ပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူ လိုက်ရင်နောက်ပိုင်း အခုလိုဖြစ်ရပ်မျိုးတွေနဲသွားမယ်ထင်တယ်လို့ ဆိုပါတယ်။သားသမီးချင်း ကိုယ်ချင်းမစာ ကိုယ့်ရဲ့ကလေးအရွှယ်လေးကို မှကျူးလွန်တဲ့ အဲ့လိုလူတွေကတော့လူတောင်ဖြစ်မလာသင့်ပါဘူးလို့ တကယ် ကိုခံစားချက်ပြင်းပြင်းနဲ့ မျက်ရည်တို့ပင်ဝဲပြီး အင်တာဗျုးကိုဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုသတင်းတွေကြား ရင် ရိသတ်တွေရော သူမလို့ပဲ စိတ်မကောင်းတော်တော်ဖြစ်ကြရမယ်လို့ ထင်ပါတယ်။အခုလိုကိစ္စတွေ နောက် ထပ်မကြားရစေဖို့ဆုတောင်းပေး ကြပါအုန်းနော်။ 

သတင်းအရင်းအမြစ် - မိုးပြည့်ပြည့်မောင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။