အဝင်းလို့ချစ်စနိုးခေါ်ကြတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော် အဆိုတော် မိုရီဆာကီဝင်းကတော့ သူ့ရဲ့ မွေးရပ်မြေ မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေတယ်လို့သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ နာမည်ကြီးပေါ့ဂီတအဖွဲ့ Prizmax အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဝင်းဟာ ပြည်တွင်းမှာထက် တိုင်းတစ်ပါးအနုပညာလောကမှာ ထိုးဖောက်အောင်မြင်နေတဲ့ လူငယ်အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။

ဂျပန် -မြန်မာ ကပြားတစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်း ဟာ မနေ့က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဂျပန်လေဆိပ်ရောက်နေတဲ့အကြောင်းကို အသိပေးထားတာဖြစ်ပါတယ်။

အဝင်းတစ်ယောက် ဒီနေ့မနက်မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်နေပြီဖြစ်ကြောင်း ဓာတ်ပုံလေးတင်ထားတာဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး မြန်မာစကားမပီကလာ ပီကလာပြောဟန်လေးတွေကြောင့် မိန်းကလေးပရိသတ်တိုင်းကို အသဲခိုက်စေတာဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှုတွေရရှိထားတာဖြစ်ပါတယ်။

လက်တလောမှာတော့ အဝင်းတစ်ယောက် မြန်မာပြည်ကို ရောက်နေတုန်း ဘယ်လိုအနုပ့ညာအလုပ်တွေချပြမလဲဆိုတာ အားလုံးကစောင့်မျှော်နေကြမှာပါ။

အဝင်းဟာ လွန်ခဲ့တဲ့ လတွေက ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးတဲ့ ဇာတိမြေ ရုပ်ရှင်ကားကြီးကို ဝတ်မှုန်ရွှေရည် ၊ အောင်ရဲလင်းတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ကဲ အဝင်းကို ချစ်တဲ့ပရိသတ်တွေရှိလား ။ 

Source :Prizmax 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။