အသက်ငယ်ငယ်လေးနဲ့ အနုပညာလမ်းကြောင်းမှာရော စီးပွားရေးလုပ်ငန်းမှာပါ နိုင်ငံတကာကို ထိုးဖောက်အောင်မြင်နေသူကတော့ ကိုင်လီဂျန်နာဖြစ်ပါတယ်။

ကမ္ဘာကျော်စူပါမော်ဒယ် အသက်(၂၁)နှစ်အရွယ် ကိုင်လီဂျန်နာ ဟာ သူမရဲ့ ဘဝရဲ့ တစ်ဆစ်ချိုးအနေနဲ့ မိခင်တစ်ယောက်ဘဝကို အပြည့်အ၀ ပီတိဖြစ်နေပါတယ်။

ချစ်သူဖြစ်တဲ့ ရက်ပါအဆိုတော် Travis Scott နဲ့ ရတဲ့ သမီးလေး Stormi ကို ဖေဖော်ဝါရီလအစပိုင်းမှာ မွေးဖွားခဲ့တဲ့ ကိုင်လီဂျန်နာဟာ အခုနောက်ပိုင်း သမီးလေးနဲ့ပတ်သက်တဲ့ စာတိုလေးတွေကို လူမှုကွန်ရက်မှာ တင်လေ့ရှိပါတယ်။

လက်တလောမှာတော့ သူမရဲ့ တွစ်တာအကောင့်ကနေ သမီးလေး Stormi နဲ့ ပတ်သက်တဲ့ခံစားချက်လေးကို အခုလိုဖွင့်ဟလာပါတယ်။

“ ကျွန်မသူ့ကို တစ်နေ့လုံးထိုင်ကြည့်နေမိတယ် ကျွန်မငယ်ငယ်လေးတုန်းကအတိုင်း တစ်ပုံစံထဲပဲ” ဆိုပြီး သမီးဖြစ်သူကို ချီးမွှမ်းခန်းဖွင့်လိုက်ပါတယ်

ကိုင်လီနဲ့ ခင်ပွန်းလောင်းဖြစ်တဲ့ စကော့ တို့နှစ်ဦးဟာ တရားဝင်လက်ထပ်ထားခြင်းမရှိသေးပဲ စေ့စပ်ထားရုံသာ ရှိတာပါ။

ဒါပေမယ့် သူတို့နှစ်ယောက်ဟာ သမီးလေး သူတို့ဘဝထဲ ဝင်ရောက်လာချိန်မှာ ဝမ်းပန်းတသာကြိုဆိုခဲ့ပြီး အရင်ကထက်အများကြီးရင့်ကျက်လာတယ်လို့ ဆိုပါတယ်။ 

Source : JustJared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။