Hearst ရဲတိုက်ဟာ အမေရိကန် ကယ်လီဖိုးနီးယားမှာ ရှိတဲ့ သမိုင်းဝင်ရဲတိုက်တစ်ခုပဲ ဖြစ်ပါတယ်။ ဗိသုကာပညာရှင်ကြီး Julia Morgan က ၁၉၁၉ခုနှစ် နဲ့ ၁၉၄၇ခုနှစ်ကြားမှ ဒီဇိုင်းထုတ်ဆောက်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်ရှင်ကတော့ သတင်းစာလုပ်ငန်းရှင်ကြီး William Hearst ဖြစ်ပါတယ်။

စတုရန်းပေ ၉သောင်း ကျယ်ဝန်းတဲ့မြေပေါ်မှာတည် ဆောက်ထားတာဖြစ်ပြီး အိပ်ခန်းပေါင်း ၅၆ခန်း ၊ ဧည့်ခန်းပေါင်း ၁၉ခန်း ၊ ရေချိုးခန်းအိမ်သာပေါင်း ၆၁ခန်း ၊ အပြင် အတွင်းဘက် အပြင်ဘက် ရေကူးကန် ၊ တင်းနစ်ကွင်း ၊ ရုပ်ရှင်ရုံ ၊ လေယာဉ်ကွင်း စတာတွေ ပါဝင်ပါတယ်။ပိုင်ရှင်ဖြစ်တဲ့ သူဌေးကြီး William Hearst ၁၉၅၁ခုနှစ်မှာ ကွယ်လွန်ပြီးတဲ့နောက်မှာတော့ ဒီရဲတိုက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်အမွေအနှစ်ထဲမှာ ထည့်သွင်းခံခဲ့ရပါတယ်။ ၁၉၅၈ခုနှစ်မှာတော့ ပြတိုက်အဖြစ်ဖွင့်လှစ်ခဲ့ပါတယ်။ 

ဒီပြတိုက်မှာတော့ အီဂျစ် ၊ ရိုမန် ၊ ဂရိခေတ် ၊ ဉာဏ်သစ်အရေးတော်ပုံခေတ်က အနုပညာအမွေအနှစ် ပစ္စည်းများကို ပြသထားပါတယ်။ ဒါအပြင် အရှေ့တိုင်းက ပန်းချီ ၊ ပန်းပု စတဲ့ ရှေးဟောင်အနုပညာလက်ရာတွေကိုလည်း ဒီပြတိုက်မှာ တွေ့ရှိနိုင်ပါတယ်။ လူတွေစိတ်အဝင်စားဆုံးနေရာကတော့ ရောမခေတ်စတိုင်ဆောက်လုပ်ထားတဲ့ အတွင်းဘက်ရေကူးကန်ပဲဖြစ်ပါတယ်။

Source : Thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။