ဆိုင်သစ်ဖွင့်ပွဲတိုင်းမှာ အေးသောင်းမပါရင် ပွဲမစည်လောက်အောင်ကို နာမည်ကြီး လူကြိုက်များ နေတဲ့ အနုပညာလေး သူမက ဒီနေ့သိပ်ကိုမဟာဆန်လွန်းနေပါတယ်။

သူမအလှက မြန်မာဝတ်စုံနဲ့ပါမှ ပြည့်စုံမှာမို့ ဒီနေ့လည်း သူမက လှပတဲ့ မြန်မာဝတ် စုံလေးနဲ့ပါပဲ။ နှင်းဆီပန်းအနီရဲရဲတစ်ပွင့်ကို ပန်းထားကာ မဟာဆန်စွာကျက် သရရှိလွန်း ပါတယ် ပရိသတ်ကြီးရေ ။

ခရီးတွေထွက်ရတိုင်း ချစ်ရသူတွေကို လွမ်းမောနေတက်တဲ့ အလွမ်းသမလေးက အခုလည်း အလုပ်ကိစ္စအတွက်လာရင်း လေယာဉ်ပေါ်မှာ သူ့ကိုလွမ်းနေကြောင်း ပြန်ရောက်ရင် ပြောပြရ အုံးမယ်လို့ ဆိုထားပါသေးတယ်။ မအေးသောင်းကတော့ ဒီလိုပဲ တော်ကီလန်းလန်းတွေနဲ့လည်း အချစ်တွေကိုသိမ်းယူနိုင်သူတစ်ယောက်ပါ။

မအေးသောင်းခေတ်လို့ ပြောရလောက်အောင်ကို အဆက်မပြတ်တဲ့ အနုပညာလှုပ်ရှားမှု တွေနဲ့ အတူ ဖွင့်ပွဲတွေ အခမ်းအနားတွေမှာ မပါမဖြစ်သူတစ်ယောက်အနေနဲ့ နာမည်ရကာ အောင်မြင်နေသူတစ်ယောက်ပါ။

ဒါတွေကတော့ မအေးသောင်းမှ မအေးသောင်းရယ်လို့ အချစ်ကြီးချစ်နေကြတဲ့ Myanmar Load ကပရိသတ်ကြီးအတွက် သူမရဲ့ လတ်တလောအကြောင်းအရာလေးများကို ဝေမျှ ပေးလိုက်ပါတယ်နော် ။

Source – Aye Thaung FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။