လူငယ် Hip Hop အဆိုတော် တစ်ဦးဖြစ်တဲ့ အဆိုတော်နိုင်းဝမ်းကတော့ သူ့ရဲ့ အနုပညာခံစားခွင့် ပိုင်ဆိုင်မှုတွေကို မိဘမဲ့ကလေးကျောင်းတွေအတွက် ရာသက်ပန် လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

လှူဒါန်းမှုတွေကို ကြုံရင်ကြုံသလို ပြုလုပ်လေ့ရှိတဲ့ အဆိုတော်နိုင်းဝမ်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တည်းက ချစ်သူနဲ့အတူ ခရီးတွေဆက်တိုက်ထွက်နေရင်း လမ်းမှာလည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်..။

မြန်မပြည်အနှံခရီးတွေ ဆက်တိုက်ထွက်နေရင်း လမ်းမှာ ဖြတ်ခဲ့သမျှ ကျေးရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း အလှူငွေများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

ကဒူးလူမျိုးစုယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက် အလှူငွေ သိန်း(၄၀)နှင့် ရှမ်းနီယဉ်ကျေးမှုအဖွဲ့အတွက် အလှူငွေ (၁၀)သိန်းအပြင် ကနန်းလူမျိုးစုယဉ်ကျေးမှုထိန်းသိမ်းရေးအတွက်လည်း အလှူငွေ သိန်း(၃၀) ကို MHTTR5 ကောင်းမောင်းအသင်းနဲ့အတူ လှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်..။

အဲ့ဒီအကြောင်းကိုတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက နိုင်းဝမ်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို လှူဒါန်းထားတဲ့ အဆိုတော်နိုင်ဝမ်းကတော့ ကျန်ရှိနေတဲ့ အချိန်လေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားပြီး သေဆုံးတဲ့ အချိန်မှာလည်း ဘာတစ်ခုမှ မကျန်အောင် လှူဒါန်းခဲ့ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပြထားပါသေးတယ်..။

Source - နိုင်းဝမ်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။