မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်မှာ ရှက်တာဒိုးနက်အသင်းဟာ ရိုးမားအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ ရှက်တာဒိုးနက်အသင်းနဲ့ တွေ့ဆုံတဲ့ပွဲတိုင်း ရလဒ်မကောင်းနေသေးတာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးအတွက်တော့ ဒုတိယအကျော့မှာ အခွင့်အရေးတွေရှိနေသေးတာလည်းဖြစ်ပါတယ်။

ရှက်တာဒိုးနက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဖာရဲရား၊ ဘာနတ်၊ တိုင်ဆန်၊ မာလော့၊ ဖရတ်၊ စတီပါနန်ကို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒီဇီကို၊ ပီရော့တီ၊ နိုင်ဂိုလန်၊ အန်ဒါ၊ စထရူးမန်း၊ ဒီရော့ဆီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရိုးမားအသင်းဟာ ဦးဆောင်ဂိုးသွင်းယူနိင်ခဲ့ပေမယ့် အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို မထိန်းချူပ်နိုင်ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

ရိုးမားအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၄၁ မိနစ်မှာ အန်ဒါက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ရှက်တာဒိုးနက်အသင်းအတွက် ချေပဂိုးကိုတော့ ၅၂ မိနစ်မှာ ဖာရဲရား က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ရှက်တာဒိုးနက်အသင်းအတွက် အနိုင်ဂိုးကိုတော့ ၇၁ မိနစ်မှာ ဖရတ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။