ဆရာဝန်မလေးဘဝကနေ တေးသံရှင်ဘဝကိုကူးပြောင်းလာခဲ့တဲ့ ဖြူဖြူကျော်သိန်းကတော့ အာပေးသူပရိတ်သတ်တွေအခိုင်အမာရရှိထားတဲ့တေးသံရှင်တစ်ဦးပဲဖြစ်ပါတယ်။ ရှိုးပွဲလေးတွေသီဆိုရာမှာလဲ ဖြူဖြူရေးချွယ်ဝတ်ဆင်လိုက်တဲ့အဝတ်အစားတွေဟာဆိုရင်တော့ ပရိတ်သတ်တွေအတွက် အမြဲဆန်းသစ်နေတာပဲဖြစ်ပါတယ်။ 

သီချင်းတွေသီဆိုရာမှာလဲ အသံပါဝါကောင်းကောင်းနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်သီဆိုတတ်တဲ့ ဖြူဖြူကျော်သိန်းကတော့ အခုဆိုရင် အနုပညာခြေလှမ်းသစ်တစ်ခုကိုစတင်လိုက်ပါပြီ။ သူမစတင်ခဲ့တဲ့ခြေလှမ်းလေးကတော့ အမေရိကန်အဆိုတော် Lancifer နဲ့ပူးပေါင်းပြီး တေးသီးချင်းလေးတစ်ပုဒိကိုစတင်ဖန်တီးနေတာပဲဖြစ်ပါတယ်။ 

ထိုသီချင်းလေးရဲ့နာမည်ကတော့ Miracle ဖြစ်ပြီး မနေ့က အသံသွင်းခဲ့ပြီးပြီလို့သိရပါတယ်။၎င်းသီချင်းအသစ်လေးရဲ့ Audio နဲ့ Music Video ကိုတော့ 2018 March လကုန်မှာထုတ်လုပ်ဖြန့်ချီမှာဖြစ်ပြီး မကြာခင်ရိုက်ကူးတော့မယ့် Channal 7 ရဲ့ On air အစီအစဉ်သစ်မှာတော့ ပထမဆုံးဖျော်ဖြေပေးမှာဖြစ်တယ်လို့လဲသိရပါတယ်။ 

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။