ချစ်သူတိုင်း သာမန်တွေ့ဆုံတာမျိုးထက် ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းတာတွေကို နှစ်ဦးသား အတူ ဖန်တီးကြည့်လိုက်ပါ။ ပျော်ရွှင်စိတ် လှုပ်ရှားမှုတွေလည်း ပေးနိုင်တာကြောင့် အရွယ်ရလာလို့ ပြန်လည်အောက်မေ့ မိတဲ့အချိန်တိုင်း သူနဲ့အတူ ဆိုတဲ့ ခံစားချက်လေးတွေက သင့်ကိုပြုံးပျော်စေတဲ့ အမှတ်တရ လေးဖြစ်စေမှာပါ။

(၁) အတူတူချက်ပြုတ်ပါ ။

အရမ်းကိုပျော်စရာကောင်းတဲ့ အစီအစဉ်လေးပါ။ အိမ်ထောင်ဦးဇနီးမောင်နှံဘဝလေး လို့တောင် ထင်မှတ်မိပါလိမ့်မယ် ။ အရသာကောင်းဖို့ကတာ့ ချစ်တယ်ဆို သည်းခံပေါ့ဆိုတဲ့ စကားလေးအတိုင်းပါပဲ ။

(၂) အကျီတွေယူဝတ်ပါ။

သင့်ကမိန်းခလေးဆိုရင် သူ့အကျီတွေယူဝတ်ကြည့်လိုက်ပါ။ မတော်မရော်တွေမို့ ကြည့်မ ကောင်းနေပေမယ့်လည်း သူ့ပစ္စည်းဆိုတဲ့ခံစားချက်လေးက နွေးထွေးစေမှာပါ။ အပိုင် တော့ မယူသွားနဲ့နော် ။

(၃) နှိပ်ပေးပါ ။

တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်နေပြီး အပြန်အလှန်နှိပ်နယ်ပေးကြည့်ပါ။ အညောင်းပြေမပြေတော့မသေချာပေမယ့် သိပ်ကိုစိတ်လှုပ်ရှားစရာတော့ ကောင်းတယ် ဆိုတာတော့ သေချာတယ်နော် ။

(၄) အတူတူစက်ဘီးစီးပါ ။

သူကိုယ်က တင်နင်းဖို့အဆင်ပြေနိုင်တဲ့အနေအထားဆိုရင်တော့ နှစ်ဦးသားအတူ စက်ဘီးပတ်စီးကြည့်ပါ။ ခါးလေးဖက်ပြီး သူ့နောက်ကြောလေးကိုဖက်ထားရတဲ့ ခံစားချက်ကို သင့်ခံစားကြည့်ကြည့်ပါ။

(၅) အတူတူအိပ်ကြည့်ပါ ။

Sex ကိစ္စတွေမပါပဲ တခါလောက်ခရီးအတူတူထွက်ပြီး အိပ်ကြည့်ပါ။ စကားနဲ့တောင် ပြောပြလို့မရတဲ့ ပျော်ရွှင်မှုတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားမှုကိုပေးစွမ်းနိုင်ပါတယ်။

ကဲ…ဒါဆိုရင် တစ်ချက်လောက်တော့ စမ်းကြည့်လိုက်တော့နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။