ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်မြို့အတွင်း ရေပေးဝေဖြန့်ဖြူးလျက်ရှိတဲ့ ဂျိုးဖြူရေများတွင် စိတ်မနှစ်မြို့ဖွယ်ရာ မစင်(အီး)များ ပါဝင်နေတယ်လို့စစ်ဆေးတွေ့ရှိရပါတယ်။လွန်ခဲ့တဲ့ ၁၉၈၈ခုနှစ် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ကော လိပ်အတွင်း ဂျိုးဖြူရေပိုက်ကိုခွလျက် ရေအိမ်အသစ်(၈)လုံးဆောက်လုပ်ခဲ့ရာ ရေပိုက်ပေါက်ပြီးမစင်များ ပြန့်နှံ့ခဲ့ တဲ့ ဖြစ်ရပ်မျိုးများကနေ အများဆုံးဖြစ်တာဖြစ်တယ်လို့ အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ခင်မောင်ဝင်းက ပြောပါတယ်။ရန်ကုန်မြို့တွင်းရှိ မြို့နယ်တိုင်းက အိမ်တွေကိုလိုက်လံစစ်ဆေးရာမှာလည်း မစင်ထဲမှာပါတဲ့ ဓါတ်တွေ ပါနေတာကိုတွေ့ရတယ်လို့၎င်းကပြောပါတယ်။ 

အင်္ဂလိပ်ခေတ်ကတည်းက ယနေ့အချိန်အထိ ရန်ကုန်တစ်မြို့လုံးရှိ မြို့နယ်တိုင်းကအိမ်တွေကို ရေပေးဝေတဲ့ ဂျိုးဖြူပိုက်လိုင်းများနဲ့ မစင်ပိုက်လိုင်းတွေက ကပ်လျက်ရှိနေတာပဲဖြစ်ပါတယ်။ဂျိုးဖြူရေလာတဲ့အချိန်မှာ ရေပိုက် ထဲကရေဟာ မစင်ပိုက်ထဲကိုသွားပြီး၊ ဂျိုးဖြူရေမလာတဲ့အချိန်မှာတော့ မစင်ပိုက်ထဲကမစင်တွေဟာ သောက်ရေ ပိုက်ထဲကိုလာတယ်လို့ ပါမောက္ခဒေါက်တာ ခင်မောင်ဝင်းက ပြောပါတယ်။ဒါတွေဟာ အထင်ကိုပြောနေတာမ ဟုတ်ပဲ တစ်အိမ်ချင်းစီရဲ့ သောက်ရေကို ယူပြီးဓာတ်ခွဲခန်းမှာသေချာစစ်ဆေးပြီးမှ တစ်မြို့လုံးက ရေပိုက်တွေ ထဲမှာမစင်တွေပြန့်နှံ့နေတာ ဖြစ်တယ်ကြောင်းပြည်သူတွေကို အသိပေးတာပါလို့ ၎င်းကပြောပါတယ်။ 

အဆိုပါပြသနာကို ကာကွယ်ရန်ရေသောက်ဝယ်သောက်လို့ ရပေမယ့်ပြည်သူတိုင်းအတွက်တော့ ဝယ်သောက် ဖို့ခက်ခဲမှာပဲဖြစ်ပါတယ်။ထို့ကြောင့်အကောင်းဆုံးကို ရေကိုကြိုချက်သောက်သုံးတာကသာလျှင် အသင့်တော် ဆုံးပါလို့ ၎င်းကပြောပါတယ်။မစင်တွေပါတဲ့ရေကိုသောက်သုံးခြင်းဖြင့် အသည်းရောင်အသားဝါ အီးပိုး ကူးစက် တတ်ပြီး အသည်းရောင်အသားဝါ အီးပိုး ကူးစက်ခံရရင် ကိုယ်ဝန်ဆောင်သည်တွေအတွက် စိုးရိမ်ရဆုံးဖြစ်တယ် လို့ ၎င်းကရှင်းပြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။