အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ်မှာကုန်တင်ကားတစ်စီးဟာ အရှိန်လွန်ပြီး နေအိမ်တစ်လုံး နှင့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို ဝင်တိုက်ခဲ့တာလည်းဖြစ်ပါတယ်။ယခုဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ရပြီး လူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ယခုမတော်တဆဖြစ်ရပ်ဟာပြည်နယ်မြို့တော် Bhopal မြို့ မှ ၃၀၀ ကီလိုမီတာ အကွာ Jabalpur မြို့ ရှိ Barela ဧရိယာမှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အကြီးတန်းရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပြောကြားချက်မှာတော့ ကုန်တင်ကားမောင်းသူဟာ အရှိန်မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်အား အရင်ဆုံးတိုက်မိခဲ့တာလည်းဖြစ်ပါတယ်။ထို့နောက် နေအိမ်တစ်လုံးကို ထပ်မံတိုက်မိခဲ့ပါတယ်။ဒါကြောင့် အခင်းဖြစ်ပွားရာနေရာမှာပင် လူ၁၀ဦး သေဆုံးခဲ့ရပါတယ်။ဒဏ်ရာရရှိသူများကို ဒေသတွင်း ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ 

ကုန်တင်ကားဟာ နေအိမ်အတွင်းမှာ ညပ်ကျန်ခဲ့တာလည်းဖြစ်ပါတယ်။သို့သော် မတော်တဆဖြစ်ပွားရာနေရာကနေ ကားမောင်းသမားဟာ ချက်ချင်းထွက်ပြေးလွတ်မြောက်သွားခဲ့တာလည်းဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကတော့ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ၎င်းကို ရှာဖွေဖမ်းဆီးဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

source - xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။