ဖေဖော်ဝါရီ(၁၉)ရက်နေ့၊ ည(၈)နာရီခွဲအချိန် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်း၊ ၇၇x၇၈ လမ်းကြား တွင်မသင်္ကာဖွယ်ရာ အမျိုးသားနှစ်ဦးအားစစ်ဆေးမေးမြန်းရာမှ လုယူခဲ့မှုတစ်ခုပေါ်ပေါက်ခဲ့တယ်လို့ သိရပါ တယ်။အဆိုပါဖြစ်စဉ်မှာတော့ ချမ်းအေးသာစံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူနယ်မြေ အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ၎င်းမသင်္ကာဖွယ်ရာအမျိုးသားအား ခေါ်ယူစစ်ဆေးခဲ့ရာမှ အမှုမှန်ပေါ် ပေါက်ခဲ့တာပဲဖြစ်ပါတယ်။ ရဲတပ်ဖွဲ့မှနယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ၎င်းတို့နှစ်ဦးဟာ MSX ဆိုင်ကယ် ၁စီးဖြင့် မသင်္ကာဖွယ်ရာတွေ့ရှိခဲ့ရတာကြောင့် ခေါ်ယူစစ်ဆေးခဲ့တာဖြစ်တယ်လို့ ချမ်းအေးသာစံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

၎င်းအမျိူးသားနှစ်ဦးကတော့ ချမ်းသာလှရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်နေ ဖိုးသင်္ကြန်(ခ)ထက်ဝေယံဦး ၁၈ နှစ်၊ နှင့်ကုန်းတန်းကြီးကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေ ဝိုင်းချစ်(ခ)ဆန်းလင်း ၁၈ နှစ်တို့ ဖြစ်တယ်လို့သိရပါတယ်။၎င်း တို့နှစ်ဦးအားဆက်လက်စစ်ဆေးရာမှာတော့ တရုတ်အံပေါင်းအိတ်များနှင့် အမေရိကန် ဒေါ်လာများ၊ ဗီယက်နမ် ငွေများ၊ ATMကဒ်များ တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။အဆိုပါ ပစ္စည်းများနဲ့ ပတ်သတ်ပြီး ၎င်းတို့ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်းမရှိတာကြောင့် ချမ်းအေးသာစံမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ် ဆောင်ပြီးထပ်မံစစ်ဆေးခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။ 

အဆိုပါအမျိူးသားနှစ်ဦးရဲ့ ထွက်ဆိုချက်အရ ၇၆x၇၇ လမ်းကြား၊ ၃၄x၃၅ လမ်းကြားတွင် လမ်းလျှောက်လာ သော အမျိုးသမီး ၁ ဦးထံမှ လုယူလာသော ပစ္စည်းများဖြစ်တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ သက်သေခံ ပစ္စည်းများအား သိမ်းဆည်းပြီး ဖိုးသင်္ကြန်(ခ)ထက်ဝေယံဦးနှင့် ဝိုင်းချစ်(ခ)ဆန်းလင်းတို့အား ချမ်းအေးသာ စံမြို့မ ရဲစခန်း(ပ)၈၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၅၄ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိတယ် လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။