ဆင်တွေနဲ့အတူ ဓါတ်ပုံရိုက်ဖူးလား ပရိတ်သတ်တို့ရေ ...

မြန်မာနိုင်ငံရဲ့ ပအို့ဝ် တိုင်းရင်းသူ Miss International Myanmar အလှမယ်လေး နန်းခင်ဇေယျာတစ်ယောက်ကတော့ ဆင်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်အလှပုံလေးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ် ။ ယဉ်ပါးနေတဲ့ ဆင်တွေနဲ့ အတူ ခပ်မိုက်မိုက်လေး ပို့စ် ပေးထားပုံတွေက အလန်းတွေပါပဲ ။ 

ဆင်တွေနဲ့ ရင်းရင်းနှီးနှီးဖြစ်နေပုံလေးကို

သဘောကျနေတဲ့ သူမရဲ့ ပရိတ်သတ်တွေက ဆင်တောင်ဖြစ်ချင်လာပြီ လို့ ၀ုိင်းဝန်းစနောက်နေကြတဲ့ထိ ပုံလေးတွေက သဘာဝကျကျလှပနေတာပါ ။ သဘာဝတရားနဲ့ အလှအပပေါင်းစပ်လိုက်တဲ့အခါ ပြည့်စုံတဲ့ ပုံရိပ်လေးတွေထွက်လာတာပေါ့ ။ 

နန်းခင်ဇေယျာကတော့ ငပလီမှာ သူငယ်ချင်းတွေနဲ့ သွားရောက်အပန်းဖြေနေတာဖြစ်ပြီး သူမရဲ့ ခရီးသွားပုံရိပ်လေးတွေကို လူမှုကွန်ယက်ကတဆင့် သူမရဲ့ ပရိတ်သတ်လေးတွေဆီ မျှဝေပေးနေတာပါ ။ နန်းခင်ဇေယျာ ကတော့ 2012 ခုနှစ်မှာ Miss International Myanmar Title ဆုကို ရရှိခဲ့ပြီးနောက် အနုပညာလောကထဲဝင်ရောက်လာခဲ့တဲ့သူပါ ။ ပရဟိတလုပ်ငန်းတွေကိုလည်း တတ်တတ်ကြွကြွ လုပ်ဆောင်တတ်သူဖြစ်ပြီး အနုပညာလှုပ်ရှားမှုအဖြစ် သရုပ်ဆောင်အလုပ်တွေအပြင် nonstop ဆိုတဲ့ သီချင်း Alblum လေးကိုပါ ဖြန့်ချိထားပါတယ် ။ 

သတင်းအရင်းမြစ် Nan Khin Zayyar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။