Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း၏ စျာပန မုံရွာမြို့မသုသာန်တွင် မြေမြှုပ်သင်္ဂြိုဟ်

Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း၏ စျာပနအား ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) မွန်းလွဲ ၃ နာရီက ပြုလုပ်ခဲ့ပြီး စျာပနသို့ မိသားစုဝင် များ၊ EMG မှ လုပ်ဖော်ကိုင်ဖက် သတင်းထောက်များ၊ မုံရွာမြို့ခံသတင်းထောက်များ နှင့် အခြားသတင်းထောက်များ၊ ၎င်း၏ မိတ်ဆွေသူငယ်ချင်းများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူအများအပြား လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။

Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်းမှာ ဒီဇင်ဘာ ၁၃ ရက် နံနက် ၀၀ နာရီ မိနစ် ၂၀ က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်းနံဘေးတွင် ဦးခေါင်းထိပ်ကွဲပြဲ ဒဏ်ရာ နှစ်ချက်၊ ဝဲမျက်ခုံးကွဲပြဲဒဏ်ရာ တစ်ချက်၊ မျက်နှာဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက်သေဆုံး နေသည်ကို တွေ့ရှိခဲ့ရပြီး ထိုဖြစ်စဉ်ကို အမှုကြီး (လူ သတ်မှု) အမှတ်စဉ် ၁၀/၂၀၁၆ (ပ) ၁၅၆၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိသည်။

Source: Eleven Media Group

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။