Jade Dragon ဆိုတဲ့ အကအဖွဲ့ကလေးနဲ့အတူ ပရိတ်သတ်တွေရင်ထဲဝင်ရောက်လာတဲ့ ချမ်းမြေ့ဦး (ခ) ဖိုးချမ်းကတော့ ချစ်စရာကောင်းလေးတစ်ယောက်ပဲဆိုတာ လက်ခံကြတယ်မလား။သူကတော့ ဆန်းသစ်တဲ့ကကွက်လေးတွေနဲ့ အတူ ချစ်ဖို့ကောင်းတဲ့ ရုပ်ရည်လေးကြောင့် ပရိတ်သတ်တွေကြိုက်နှစ်သက်ကြတဲ့ dancer လေးတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ Project K ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖိုးချမ်းရဲ့ မိန်းကလေးရဲ့အသည်းနှလုံးကိုဖမ်းစားနိုင်တဲ့ပုံရိပ်လေးတွေထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဖရဲသီးလေးတစ်စိပ်နဲ့ post ပေးကြမ်းနေတဲ့ ဖိုးချမ်းရဲ့ ပုံရိပ်လေးတွေက တကယ်ကိုချစ်စရာကောင်းနေပြီး အမြင်အာရုံကိုဆန်းသစ်မှုတွေပေးစွမ်းနေတာပဲဖြစ်ပါတယ်။ 

ကလေးတစ်ယောက်လိုပုံစံလေးနဲ့ အပြုံးတစ်ခုကိုထုတ်ဖော်ထားတဲ့သူ့ရဲ့ပုံရိပ်လေးတွေကတော့ နှတ်ခမ်းနှီမလေးတွေကြိုက်နှစ်သက်ကြဦးမယ်လို့ထင်ပါတယ်။ အပြုံးတစ်ခုကိုဖော်ဆောင်ပြီး မာန်မာနကို ခဝါချထားတဲ့ ဖိုးချမ်းရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။

photo source - Chan Myae Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။