အမြဲ ရိုးရိုးယဉ်ယဉ်လေးသာ ဝတ်ဆင်လေ့ရှိတဲ့ သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂၁)ရက်နေ့က တင်လိုက်တဲ့ လူငယ်ဆန်ဆန် ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို အံ့အားသင့်သွားစေပါတယ်..။

သူမရဲ့ အဲ့ဒီပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို လူတောင်မှားသွားစေပြီး မျက်နှာခွဲစိတ်ပြုပြင်ထားတယ်လို့တောင် ထင်တဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်..။

မင်းသမီးခိုင်နှင်းဝေကတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မျက်နှာခွဲစိတ် ပြုပြင်ထားတာ မဟုတ်ကြောင်းကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ပြန်လည်ပြောပြထားပါတယ်..။

“တစ်ချို့ပရိသတ်တွေက မျက်နှာခွဲစိတ်ပြုပြင်ထားတယ်ပြောကြတယ် ကျွန်မ မျက်နှာ ဘာမှမခွဲစိတ်ထားပါဖူးရှင် ဝိတ်နည်းနည်းကျသွားတာရယ် ဆံပင်ပုံစံနဲ့ မိတ်ကပ် ပြောင်းသွားတာကြောင့် ပါ..” ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

မင်းသမီး ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာ ရရှိပိုင်ဆိုင်ထားသလို လှူဒါန်းမှုတွေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ပါဝင် ဦးဆောင်လုပ်ကိုင်နေတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်..။

ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်းခံထားရပြီး အမျိုးသမီးတွေနဲ့ ကလေးတွေအတွက်လည်း အဖက်ဖက်က ပါဝင်ကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်..။

Source - ခိုင်နှင်းေ၀ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။