(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၂၅)နှစ်အောက် ရပ်ကွက်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ ရန်ကြီးအောင် အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ မြို့ပေါ်ရပ်ကွက် အသင်း(၁၀)သင်း ပါ၀င်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမောင်ထူးက အဖွင့်အမှာစကား ပြောကြားပြီး မြို့ပေါ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၀၀) က ဘင်ခရာ၊ ပန်းပွားအကများဖြင့် စည်ကားသိုက်မြိုက်စွာ တေးသရုပ်ဖော် ကပြ ဖျော်ဖြေကြသည်။

ဖွင့်ပွဲနေ့တွင် အမှတ်(၇) ရပ်ကွက်နှင့် အမှတ်(၉) ရပ်ကွက်တို့ ယှဉ်ပြိုင်ကစားကြရာ အမှတ်(၉) ရက်ကွက်က အမှတ်(၇) ရပ်ကွက်ကို (၅) ဂိုး၊ (၄)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

Ref., MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။