ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ဖြူဖြူထွေးကတော့ သီချင်းအသစ်ကလေး တစ်ပုဒ်ဆိုထားတယ်လို့ ဆိုပါတယ်..။

ဘယ်လို သီချင်းလေးလဲဆိုတော့ မပြောပြထားပေမယ့်လည်း ပထမဆုံး ဆိုရတာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့လည်း သူမက ပြောပြထားပါသေးတယ်..။

သီချင်းသစ်လေး ဆိုနေတဲ့အကြောင်းနဲ့ အသံသွင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။ ၏

“သီချင်း အသစ်လေး တစ်ပုဒ်ဆိုထားပါတယ်.. ပထမဦးဆုံး ဆိုရတာဆိုတော့ စိတ်လှုပ်ရှားတယ်.. Coming Soon..” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

လူမှုကွန်ယက်စာမျက်နှာကနေ ဟာသဗီဒီယိုဖိုင်လေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစဟ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းပြီး ရိုးသားပွင့်လင်းတဲ့ သူမရဲ့ပုံစံလေးတွေကြောင့်လည်း ပရိတ်သတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး သီချင်းလေးတွေလည်း သီဆိုနေပြီဖြစ်လို့ ဖြူဖြူထွေးလေးရဲ့ သီချင်းအသစ်လေးကိုလည်း စောင့်မျှော်အားပေးလိုက်ကြရအောင်နော် ပရိသတ်ကြီး..

Source - ဖြူဖြူထွေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။