Dumbo Octopus

ဒန်ဘိုလို့အမည်ရတဲ့ အဆိုပါသတ္တဝါလေးတွေဟာ ရေဘဝဲမျိုးစိတ်ဝင်အကောင်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့ကိုတွေ့မြင်အလွန်ခဲယဉ်းပြီး အကြောင်းကတော့ ဒန်ဘိုလေးတွေဟာ ပင်လယ်ရေမျက်နှာပြင်ကြမ်းပြင်အောက် ပေပေါင်း ၁၃၀၀၀မှာ နေထိုင်ရှင်သန်နေကြလို့ပဲဖြစ်ပါတယ်။ ပင်လယ်ကြမ်းပြင်ရဲ့အောက်ခြေမှာရှိတဲ့ ခရုအပြင် အခြားသောရေသတ္တဝါသေးလေးတွေကိုလည်း စားသောက်ကြပါတယ်။  

ThornyDragon

ရုပ်ရှင်ကားတွေထဲမှာတွေ့ခဲ့တဲ့ ဒီအကောင်လေးတွေကို ဒဏ္ဍာရီထဲကအကောင်လေးတွေလို့ ထင်ခဲ့ပေမယ့် လက်တွေ့အပြင်လောကမှာ အမှန်အကန်တည်ရှိနေတယ်ဆိုတာသိခဲ့ရပါတယ်။ အဆိုပါအကောင်လေးတွေဟာ သြစတေးလျမှာအတွေ့များပြီး ပုတ်သင်ညိုမျိုးနွယ်ဝင်အကောင်လေးတွေလည်း ဖြစ်ပါတယ်။ ထိုအကောင်လေးတွေဟာ အပူချိန်အလိုက် အရောင်ပြောင်းလဲတတ်ပြီး အစားအစာအဖြစ်ပုရွက်ဆိတ်တစ်မျိုးတည်းကိုသာစားသုံးကြပါတယ်။

Okapi

အမှတ်မထင်ကြည့်လိုက်ရင် မြင်းကျားလို့ ထင်ရပေမယ့် တစ်ကယ်တော့မြင်းကျားမဟုတ်ပါဘူး။ အဆိုပါအကောင်လေးကိုတော့ Okapiလို့ခေါ်ပါတယ်။ မြင်းကျားမျိုးနွယ်ထဲမှာပါဝင်ပြီး မြင်းကျားတွေလိုတကိုယ်လုံးအစင်းကျားပါရှိခြင်းမဟုတ်ပဲခြေထောက်တွေရယ်နောက်ဘက်တင် အောက်ပိုင်းတွေသာပါရှိခြင်းဖြစ်ပါတယ်၎င်းရဲ့လျှာပာာလည်းမျက်စိအထိလျက်နိုင်စွမ်းရှိအောင် ရှည်ကြပါတယ်။

Jaguarundi

ဒီထူးဆန်းတဲ့Jaguarundi ပာာတောင်အမေရိကမှာရှိတဲ့ တောရိုင်းကြောင်အမျိုးအစားဖြစ်ပြီးခန္ဓာကိုယ်ပာာရှည်လမျောပုံသဏ္ထာန်ရှိပြီးမျက်နှာကပြားပြားနဲ့ပါတခြားကြောင်တွေလိုအစင်းကျားအကွက်အကွက်အရောင်တွေမပါဝင်ပါဘူး။အိမ်မွေးလို့လုံးဝမသင့်တော်ပါဘူး လူကိုအန္တရာယ်ပေးနိုင်တဲ့ ကြောင်မျိုးစိတ်တစ်ခုဖြစ်ပါတယ်။

India Purple Frog

အိန္ဒိယခရမ်းရောင်ဖားကတော့တခြားဖားနဲ့မတူပါဘူး ပြောင်ပြောင်ချောချောနဲ့ မြင်တာတောင်အသည်းယားဖို့ကောင်းပါတယ်။

၎င်းဖားကိုမြင်တွေ့နိုင်ဖို့အတော်ခဲယဉ်းတာဖြစ်ပြီးပုံထဲကဖားပာာအိန္ဒိယအနောက်ဘက်တောင်ပိုင်းဒေGhatsမှာပထမဆုံးစတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

Source : Myworld Press 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။