ချစ်သူရယ်လို့ဖြစ်လာပြီဆိုရင် အသေးစိတ်ကလေးက သူ့အကြိုက် ကိုယ့်အကြိုက်တွေ တူညီလာ တက်ပါတယ်။ အရမ်းချစ်တဲ့သူတွေက အနေအထိုင် အပြုအမူကလေးတွေက တခြားချစ်သူတွေထက် ပိုပြီးသိသာထင်ရှားပါတယ် ။

(၁) အမြဲခွင့်လွတ်ပေးတဲ့သူ ။

ချစ်သူဘာလုပ်လုပ် အပစ်မမြင်ပဲ ကြည်ဖြူစွာခွင့်လွတ်တက်တဲ့သူ ။

(၂) လက်တွဲမဖြုတ်တဲ့သူ

ဘယ်နေရာဘယ်ချိန်မှာဖြစ်ဖြစ် လုံခြုံမှုပေးကာ လက်တွဲမဖြုတ်တဲ့သူ ။

(၃) အမြဲတမ်းထောက်ပံ့ပေးသူ ။

ဖြစ်ချင်တာတွေ လုပ်ချင်တာတွေအတွက် မငြီးမငြူထောက်ပံ့ပေးတက်တဲ့ သူ။

(၄) အကြိုက်လိုက်ပေးသူ ။

လူတစ်ယောက်နဲ့တစ်ယောက် မတူညီမှုတွေရှိပေမယ့်လည်း ချစ်သူအတွက်ဆိုပြီး သူ့အကြိုက်လိုက်ပေးသူ ။

(၅) အမြဲတမ်းယုံကြည်ပေးသူ ။

သူများရည်းစား ကိုယ့်ရည်းစားနဲ့ ဗျာများနေတဲ့ ခေတ်ကြီးမှာ ယုံကြည်မှုဆိုတဲ့ စိတ်ကလေးနဲ့ ပျော်အောင်ထားပေးတဲ့သူ ။

(၆) အမြဲတမ်းရပ်တည်ပေးသူ ။

မှားမှားမှန်မှန် တံတိုင်းကြီးတစ်ခုလို အမြဲအရှေ့ကမားမားမတ်မတ်ရပ်တည်ပေးတဲ့ သူ ။

ဒါတွေဟာ သိပ်ချစ်တဲ့သူတွေကသာ ဖြည့်ဆည်းပေးနိုင်တဲ့ အရာတွေပါ။ ဒီလိုအချက်တွေနဲ့ ပြည့်စုံသူတစ်ဦးကို ပိုင်ဆိုင်ထားရပြီဆိုရင် သင့်ဟာအချစ်ရေးမှာ ကံအကောင်း ဆုံးသူတစ်ယောက်ဆိုတာ မမေ့ပါနဲ့နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။