နေနေ couple လို့ ပရိတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသားချောလေး ကျော်ထက်ဇော်နဲ့ မင်းသမီးချောလေး ဆောင်ဝတ်ရည်မေတို့ကတော့ တကယ့်ကို လိုက်ဖက်ညီလွန်းလှတဲ့ ပရိသတ်အချစ်တော် စုံတွဲလေးပါပဲ..

ပရိသတ်အချစ်တော် နေနေစုံတွဲလေးကတော့ အခုတစ်ခေါက်မှာလည်း ကြည်နူးစရာ ဗီဒီယိုလေးနဲ့အတူ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါပြီ..။

သူတို့ရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲ မျှဝေလေ့ရှိတဲ့ နေနေ စုံတွဲလေးကတော့ အခုတစ်ခေါက်မှာလည်း

My Journey Magazine အတွက် ရိုမန့်တစ်ဆန်ဆန်လေးနဲ့ ကြော်ငြာရိုက်ကူးပေးထားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

တကယ့်ကို ရိုမန့်တစ်ဆန်ဆန်နဲ့ အားကျကြည်နူးပျော်ရွှင်စရာ ပုံရိပ်လေးတွေမို့ ပရိသတ်တွေကတော့ အရမ်းကို သဘောကျနှစ်သက်နေကြတာလည်း ဖြစ်ပါတယ်..။

“အမုန်းမှသည်” ဇာတ်ကားမှာ စိုင်းနေရောင်နဲ့ နေချိုသွေးအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပြီး အတွဲညီညီနဲ့ လိုက်ညီလွန်းတဲ့ သူတို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း ဇာတ်ကားလေးက ပရိသတ်တွေကို အကြိုက်တွေ့ခဲ့ပါတယ်..။

အခုတစ်ခေါက်မှာတော့ ရိုမန့်တစ်ဆန်ဆန်နဲ့ လိုက်ဖက်ညီလွန်းလှတဲ့ နေနေစုံတွဲလေးရဲ့ ကြည်နူးစရာဗီဒီယိုလေးကို ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..

Source - My Journey Travel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။