ပရိသတ်အချစ်တော်အဆိုတော်မလေး အိမ့်ချစ်ကို ပရိသတ်များ ချစ်ကြမယ်ထင်ပါတယ်။ ဂီတလောကထဲကို ဖခင်ဖြစ်သူ ဦးချစ်ကောင်းနှင့်အတူ ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ နေရာတစ်နေရာကိုကောင်းကောင်း ရယူနိုင်သူတစ်ယောက်လည်းဖြစ်ကြောင်း သိရပါတယ်။ အိမ့်ချစ်ကတော့ သူမပြုလုပ်ချင်တဲ့အလှူလေးအတွက် မိမိရဲ့ အဝတ်အစားတွေကို ပြန်လည်ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။ 

အဆိုတော် အိမ့်ချစ်ရဲ့ လူမှုစာမျက်နှာပေါ်တွင် မိဘမဲ့ကလေးတွေကို လှူဒါန်းမှုပြုရန် အဝတ်အစားများရောင်း ချသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အိမ့်ချစ်ကတော့ " Used Clothes selling အတွက်အလုပ်တွေရှုပ်နေတာ မနက်ဖြန်နဲ့သဘက်ခါ လာမွှေကြနော် 47လမ်းထိပ်က Urban 86မှာဖွင့်ထားတဲ့ Emily ဆိုင်မှာ မနက်၁၀ နာရီကနေ ညနေ၅နာရီထိရှိမယ် ၂၀၀၀,၃၀၀၀,၅၀၀၀,၁၀၀၀၀, ၁၅၀၀၀ကအများဆုံးပဲ H&M, Forever 21, Mango တွေလဲပါတယ် XS , S သမားတွေရမယ် အထည် ၄၀၀ ကြားထဲခေါင်းတွေလဲမူးနောက်နေပြီလို့ ရောင်းရတဲ့ငွေတွေက မိဘမဲ့ကလေးတွေကိုပြန်လှူမယ်" ဟူ၍ ပြောပြထားတာတွေ့ရပါတယ်။

မြင့်မြတ်တဲ့ အလှူတစ်ခုကို ပြုလုပ်မယ့် အိမ့်ချစ်အတွက် ချစ်ပရိသတ်ကြီးများကလည်း တက်နိုင်သလောက် ဝိုင်းဝန်းကူညီကြမယ်ထင်ပါတယ်။ အဆိုပါ ရောင်းချလို့ရတဲ့ ပိုက်ဆံများကိုလည်း ပရိသတ်များရဲ့ အလှူတစ်ခုအဖြစ်ပြောင်းလဲလာနိုင်ပါတယ်ဆိုတာပြောရင်း မနက်ဖြန်ရောင်းချမယ့် အိမ့်ချစ်ရဲ့ Used Clothes selling အကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်နော်။

Source - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။