ကမ္ဘာ့ရုပ်အဆိုးဆုံးငါးတွေကို သြစတြေးလျကမ်းလွန်းပင်လယ်ရဲ့ ချောက်နက်တစ်ခုကနေ ဖမ်းယူရရှိတဲ့တယ်လို့ သုတေသီအဖွဲ့က ဖေဖော်ဝါရီ (၂၁) ရက်က ပြောကြားခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ စူးစမ်းလေ့လာရေးခရီးစဉ်တစ်ခုအတွင်းမှာ အဆိုပါ ရှားပါး ငါးမျိုးစိတ်တွေကို ဖမ်းမိခဲ့တာဖြစ်ပြီး ထူးခြားချက်အနေနဲ့ ကမ္ဘာ့ ရုပ်အဆိုးဆုံး အကျည်းတန်ဆုံး တိရိစ္ဆာန်အဖြစ် သတ်မှတ်ခံထားရတဲ့ ငါးတွေလည်း ပါ၀င်လာခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ သိပ္ပံပညာရှင်တွေကတော့ ယမန်နှစ်ကတည်းက နိုင်ငံအရှေ့ခြမ်း ပင်လယ်ပြင် ရေအောက်မှာ စူးစမ်းလေ့လာမှုတွေ ဆောင်ရွက်နေခဲ့တာဖြစ်ပြီး ပိုက်ကွန်တွေ၊ ဆိုနာ နဲ့ ရေနက်ပိုင်း စောင့်ကြည့် ကင်မရာတွေကို အသုံးပြုကာ လုပ်ငန်းဆောင်ရွက်နေခဲ့ကြတာဖြစ်ပါတယ်။

ယခု တစ်ကြိမ် ဖမ်းမိခဲ့တဲ့ ငါးမျိုးစိတ်တွေထဲမှာတော့ တွေ့ရခဲလှတဲ့ ငါးတွေနဲ့ ကျောရိုးမဲ့ တိရိစ္ဆာန်ပေါင်း ၄၂,၀၀၀ ကျော် ပါ၀င်ခဲ့ပြီး ယင်းတို့အနက်က တစ်ချို့ကတော့ မျိုးစိတ်အသစ်တွေတောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ယခုအခါမှာတော့ သိပ္ပံပညာရှင်တွေက ယင်းတို့ကို Hobart မြို့ထိ သယ်လာပြီး အနီးကပ် စူးစမ်းလေ့လာဖော်ထုတ်နေပြီ ဖြစ်ပါတယ်။ 

အဆိုပါ ငါးမျိုးစိတ်တွေနဲ့ ကျောရိုးမဲ့ တိရိစ္ဆာန်တွေထဲမှာတော့ ထူးထူးခြားခြား ကမ္ဘာ့ ရုပ်အဆိုးဆုံး ငါးတွေလည်း ပါ၀င်လာခဲ့တာဖြစ်ပါတယ်။ ယင်းတို့ထဲမှာတော့ Mr Blobby ဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကမ္ဘာ့ရုပ်အဆိုးဆုံး တိရိစ္ဆာန်အဖြစ် မဲပေးသတ်မှတ်ခံထားရတဲ့ ငါးရဲ့ မျိုးနွယ်တူ ဆွေမျိုးတွေ ပါ၀င်လာနေခဲ့တာဖြစ်ပါတယ်။

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။