နာမည်ကျော်ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်လှိုင်တစ်ယောက် စတိုင်အလန်းစားနဲ့ အရမ်းကိုမိုက်လွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ ဟာသ ဇာတ်ရုပ်နဲ့ ပရိတ်သတ်တွေရဲ့ ရယ်မောပျော်ရွှင်မှုတွေကို အမြဲလိုလိုဖော်ဆောင်ပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အောင် မြင်မှုတွေနဲ့ အနုပညာ လမ်းကြောင်းပေါ်မှာ ရပ်တည်နေတာဟာ အချိန်အတော် ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ချောင်းသာမှာ " ညာပြောတာယုံ " ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ပရိတ်သတ်တွေကို ရယ်မောရအောင် ဘယ်လိုရသတွေနဲ့ ဖော်ကျူးထားမလည်းဆိုတာတော့ တကယ့်ကိုရင်ခုန်ချင်စရာကောင်းလှပါတယ် ပရိတ် သတ်ကြီးရေ။

သမီးဖြစ်သူကိုလည်း ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်က စိန်လက်စွပ်လေးတစ်ကွင်းလက် ဆောင်ပေးခဲ့ပါသေးတယ်။ ချစ်စရာကောင်းတဲ့ ဖေဖေကြောင့် သမီးလေးကလည်း အမြဲလိုလို အပြုံးပန်းဆင်နေရတာပဲဖြစ်ပါတယ်။ အကယ်ဒမီရရှိဖို့ကိုလည်း ပရိတ်သတ်တွေက စောင့် မျှော်နေကြတာပဲဖြစ်ပါတယ်။ မကြာခင်မှကျင်းပတော့မယ် အကယ်ဒမီပေးပွဲကြီးကိုတော့ ခင်လှိုင်နဲ့အတူ သူ့ရဲ့ပရိတ်သတ်တွေက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေတာပဲဖြစ်ပါ တယ်။

လက်ရှိမှာတော့ ချောင်းသာမှာရိုက်ကူးနေတဲ့ ရိုက်ကွင်းပေါ်ကပုံရိပ်တွေကို " ညာပြောတာယုံ... ချောင်းသာကြီးရယ် ကျွန်တော်ရယ်....

ဆိုက်နဲ့ ဂိုက်နဲ့ ရေဘော်နဲ့ လွှနဲ့.... " ဆိုပြီး ခပ်နောက်နောက်လေးတင်ထားတာဖြစ်ပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင်ကို နုလွန်း မိုက်လွန်းတဲ့ သရုပ်ဆောင်ခင်လှိုင်ရဲ့ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Khin Hlaing's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။