(၂၀၁၇)ခုနှစ် နိုဝင်ဘာလကမှ လက်ထပ်ထားတဲ့ သရုပ်ဆောင်မင်းသမီး နန်းမြတ်ဖြိုးသင်းကတော့ လူတိုင်းအားကျရတဲ့ အိမ်ထောင်ရေးကံကောင်းတဲ့သူထဲမှာ ပါဝင်ပါတယ်။

သူမကလည်း အရမ်းချစ်သလို သူမကိုလည်း အရမ်းချစ်ပြီးတန်ဖိုးထားတဲ့ လက်တွဲဖော်အမျိုးသားကို ပိုင်ဆိုင်ထားရတာမို့ မြင်ရသူတိုင်းကို စိတ်ချမ်းသာစေပါတယ်။

သီချင်းသံချိူချိူလေးနဲ့လည်း လူငယ်ပရိသတ်တွေရဲ့ အားပေးမှုရရှိထားတဲ့ ဆရာဝန်မလေး နန်းမြတ်တစ်ယောက် သူမရဲ့ ခင်ပွန်းဖြစ်သူကို တော်ကီလေးနဲ့ ချုပ်လိုက်ပုံကတော့ ပရိသတ်တွေကို သဘောကျသွားစေပါတယ်။

ရှုတင်တွေဆက်တိုက်ရိုက်နေရတဲ့ နန်းမြတ်ဟာ သူမရဲ့ ချစ်ခင်ပွန်းကို ရှုတင်ထိ မရရအောင်ခေါ်လိုက်ရလို့ ကျေနပ်ပီတိဖြစ်နေပုံလေးကို အခုလိုမျှဝေထားတာဖြစ်ပါတယ်။

“ သူ့အလုပ်ပိတ်ရက်လေးကို ကျဲကျဲလဲ အလုပ်ရှုပ်နေလို့ မိန်းမအလုပ်လိုက်ခဲ့ပေးပါဆိုပြီး ချောဆွဲတော့လည်း လိုက်လာပေးရှာသား ချစ်ဖို့တော့ကောင်းရှာပါတယ် (ချုပ်ရတာပေါ့နော်) ဟီးဟီး” ဆိုပြီး ခင်ပွန်းနဲ့အတူရိုက်ထားတဲ့ ပြောင်ချော်ချော်ပုံလေးနဲ့အတူ တင်ထားပါတယ်။

သူတို့ ဇနီးမောင်နှံ နှစ်ဦးရဲ့ ချစ်ချစ်ခင်ခင် အေးရာအေးကြောင်း မြင်ကွင်းလေးကို မြင်ရသူတိုင်းကတော့ အားကျသွားလောက်မှာသေချာပါတယ်။

စိတ်ချမ်းသာစရာအိမ်ထောင်ရေးပိုင်ဆိုင်ထားတဲ့ နန်းမြတ်ကတော့ မိန်းကလေးတစ်ယောက်အနေနဲ့ ကံကောင်းတယ်လို့ ဆိုရမှာပါ။

အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တန်ဖိုးထားမှုတွေရှိနေရင် စိတ်ချမ်းသာစရာပါပဲ ပရိသတ်ကြီးရေ။  

Source : Nan Myat fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။