မိဘအုပ်ထိန်းသူမရှိ၊ အနာဂတ်ကလဲ မရေမရာ၊ တစ်နေ့တစ်နေ့ အသက်ရှင်ဖို့ ရုန်းကန်ကြိုးစားနေရတဲ့ လမ်းပေါ်က ကလေးတွေရဲ့ဘဝဟာ အင်မတန်သနားစရာကောင်းလှပါတယ်။ 

၁၉၉၈ခုနှစ်က စစ်တမ်းတစ်ခုအရ ဖိလစ်ပိုင်မှာ လမ်းဘေးမှာလေလွင့်နေတဲ့ ကလေးငယ်ပေါင်း ၁.၅သန်း ရှိတယ်လို့ဆိုပါတယ်။ မကြာသေးခင်က ဖိလစ်ပိုင်ကို အလည်အပတ်လာရောက်တဲ့ နိုင်ငံခြားသားစုံတွဲဟာ ဝမ်းနည်းကြေကွဲဖွယ်ရာကောင်းတဲ့ အဖြစ်အပျက်နဲ့ ကြုံခဲ့ပါတယ်။ 

John Benedict နဲ့ ဇနီးဖြစ်သူ Tolentino Ringorဟာ ဖိလစ်ပိုင်ကိုအလည်လာရင်း စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်စားသောက်ခဲ့ပါတယ်။ ဆိုင်ထဲမဝင်ခင်မှာ ယောကျာ်းဖြစ်သူ John ဟာ ဆိုင်အဝမှာ တောင်းနေတဲ့ ကလေးငယ်တစ်ဦးကို သွားပြီး သတိပြုမိခဲ့ပါတယ်။ ဒါနဲ့ Johnဟာ အစားအစာအပိုတစ်ပွဲဝယ်ပြီး ကလေးငယ်ကိုသွားပေးခဲ့ပါတယ်။

ဒါပေမယ့် ဆိုင်ထဲကနေ ပြန်ထွက်လာတဲ့အခါ လင်မယားနှစ်ယောက်လုံး ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ ကောင်လေးဟာ သူတစ်ယောက်တည်း Johnပေးခဲ့တဲ့ မုန့်ကို စားနေခဲ့တာမဟုတ်ပါဘူး။ ဘေးမှာရှိတဲ့ သူ့ညီမလေးကို ခွံ့နေတဲ့အပြင် မျက်နှာကလဲ ပြုံးနေတာကို တွေ့ရမှာပါ။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။