ဖက်ရှင်ဘုရင်မလို့ ပရိသတ်တွေတင်စားကြတဲ့ ထိပ်တန်းမင်းသမီး အိန္ဒြာကျော်ဇင်ကတော့ ပွဲတိုင်းလိုလိုမှာ မရှိမဖြစ်တဲ့ အလှနတ်သမီးတစ်ပါးလို့ ဆိုရမှာပါ။

နာမည်ကြီးဆိုင်ဖွင့်ပွဲတိုင်းလိုလိုမှာ ဖိတ်ကြားခံရလေ့ရှိတဲ့ အူဝဲဟာ ဒီနေ့ဖေဖော်ဝါရီလ(၂၄)ရက်နေ့မှာလည်း မန္တလေးက ရွှေစန်းအိမ် ရတနာဆိုင်ဖွင့်ပွဲ မှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်။

ကလေးနှစ်ယောက်အမေဖြစ်ပေမယ့် ဒီနေ့ခေတ်မင်းသမီးတွေနဲ့အပြိုင် လှနေသေးတဲ့ အူဝဲကတော့ အသားရောင်ဇာ ကိုယ်ကျပ်ဂါဝန်အရှည်လေးဝတ်ကာ လုံလုံခြုံခြုံလေး ဖက်ရှင်ကျနေခဲ့ပါတယ်။

ပရိသတ်တွေသဘောကျနေပြန်တဲ့ သူမရဲ့ ပုံရိပ်တွေကတော့ လူမှုကွန်ရက်မှာ လူပြောများနေပြီး အဲ့ဒီပွဲကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေနဲ့လည်း တရင်းတနှီးဖော်ရွှေစွာ စကားတွေပြောခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့ကြီးကို ပွဲဆူသွားစေတဲ့ အူဝဲ ကိုချစ်တဲ့ပရိသတ်တွေကတော့ အတော်လေးများတာကိုတွေ့ရပါတယ်။

ချစ်စရာကောင်းသလို တည်ငြိမ်ရင့်ကျက်တဲ့အလှလည်း ပိုင်ဆိုင်ထားတာမို့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်နိုင်သေးတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

တစ်ချိန်က ရုပ်ရှင်နဲ့ကြော်ငြာလောကမှာသာမက ဒီနေ့ခေတ်အခါထိ တက်သစ်စမင်းသမီးလေးတွေထက်ပိုလန်းနေသေးတာကိုတော့ တကယ်မချီးကျုးပဲကို မနေနိုင်ပါဘူး ပရိသတ်ကြီးရေ.

ကဲ အူဝဲ ကို ပရိသတ်ကြီး ကြွေသွားပြန်ပီလား ။ 

Photos - WeloveEaindra kyawzin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။