အဆိုတော်စိုးပြည့်ပြည့်စံဟာ သီချင်းသံစူးစူးရှရှလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိနေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

စိုးပြည့်ပြည့်စံ ဟာ အိမ်ထောင်ပြူခါနီးမှာ ရိုက်ကူးခဲ့တဲ့ Prewedding ပုံလေးတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိခဲ့သူဖြစ်ပါတယ်။

အိမ်ထောင်ရှင်မဘဝကိုရောက်သွားတဲ့ သူမကတော့ လက်တလောမှာ ပထမဆုံးအကြိမ် သူမရဲ့ ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီဖြစ်ပါတယ်။

အချစ်ရေးနဲ့အိမ်ထောင်ရေးမှာ စိတ်ချမ်းသာစရာအပြည့်ရှိတဲ့ သူမဟာ ရင်သွေးလေးရလာရင်တေ့ာ ပိုပြီး ပျော်ရွင်ဖွယ် မိသားစုဘဝလေးပိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

လက်တလော လူမှုကွန်ရက်မှာ မျှဝေထားတဲ့ သူမရဲ့ ကိုယ်ဝန်ဆောင်ဖက်ရှင်ပုံရိပ်တွေက လူပြောများနေတာဖြစ်ပါတယ်။

မမဗိုက်လေး စိုးပြည့်ပြည့်စံဟာ အပျိုဘဝမှာထဲက ဖက်ရှင်နဲ့ပတ်သက်ရင်အမြဲလန်းနေတတ်ပြီး အခုလို ကိုယ်ဝန်လွယ်ထားရတဲ့ မိခင်လောင်းဘဝမှာလည်း ဂေါ်ချင်သေးတယ်လို့ဆိုပါတယ်။

"အပျိုတုန်းကလည်း ဖက်ရှင်ကျကျ ဂေါ်ချင်တယ်

အဖွားကြီးဖြစ်လည်း ဖက်ရှင်ကျကျ ဂေါ်အုံးတယ်

ကျန်းမာရေးမကောင်းသူလေးမို့ တစ်သက်မှတစ်ခါ

ကိုယ်ဝန်နဲ့လည်း ဗိုက်ဗိုက်ဖက်ရှင်ကျကျ ဂေါ်ပျဇေ"လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် သူမရဲ့ ဗိုက်ထဲက သားသားလေးနဲ့အတူ အလန်းစားဖက်ရှင်ကို ဝတ်ဆင်ကာ ဂိုက်ပေးကြမ်းခဲ့တာဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မဗိုက်ကတော့ ဗိုက်ဖုန်းအင်္ကျ ီလေးနဲ့လည်း တစ်မျိုးလေးချစ်စရာကောင်းနေတာမို့ ပရိသတ်တွေလည်း အချစ်ပိုနေရပါတယ်။  

Source: Soe PyaePyae San fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။