မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို လူချစ်လူခင်များတဲ့ မင်းသမီးချောလေး ဖွေးဖွေးက ရုပ်ရည်လေးလှသလို စိတ်ထားလေးလည်းပြည့်သူတစ်ဦးဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။

သူမဟာ မင်းသမီးဆိုပေမယ့်လည်း ဟိတ်ဟန်မရှိပဲ ပွင့်ပွင့်လင်းလင်းနေတတ်သူမို့ ပရိသတ်တွေသဘောကျနှစ်သက်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဖွေးစိန်တစ်ယောက် ဒီနေ့ဖေဖော်ဝါရီလ( ၂၄)ရက်မှာတော့ သူမရဲ့ ချစ်သူငယ်ချင်း စာရေးဆရာမလေးမာရင်ရင်နဲ့အတူ ဆွာမြို့မှာရှိတဲ့ YGW ဘိုးဘွားစောင့်ရှောက်ဂေဟာကို သွားရောက်လှုဒါန်းမှုတွေပြူလုပ်ခဲ့တယ်လို့သိရပါတယ်။

တတ်စွမ်းသလောက်ကူညီဖေးမချင်တဲ့ ဖွေးစိန်တို့သူငယ်ချင်းနှစ်ဦးဟာ ဘိုးဘွားတစ်ဦးချင်းစီအတွက် ငွေကြေးထောက်ပံ့လှုဒါန်းခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် သူမတို့သူငယ်ချင်းနှစ်ဦး ဟာ အဆိုပါဘိုးဘွားတွေအတွက် လိုအပ်နေတဲ့ အဆောင်ထပ်မံတည်ဆောက်နိုင်ဖို့ လှုဒါန်းဒါနပြုချင်သူတွေကိုလည်း လှုဒါန်းနိုင်အောင် လိပ်စာနဲ့တကွ ဆော်သြပေးခဲ့ပါသေးတယ်။

ချစ်စရာကောင်းတဲ့ ဖွေးစိန်လေးနဲ့ စာရေးဆရာမလေးမာရင်ရင်တို့ နှစ်ဦးဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး သူတို့ဟာ မကြာခဏဆိုသလို အတူတူတွေ့ဆုံရင်း အချိန်ပေးဖြစ်ကြပါတယ်။

နှစ်ဦးစလုံးဟာ နယ်ပယ်တစ်ခုစီမှာ အောင်မြင်နေတဲ့သူတွေဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုလည်း အများကြီးရရှိထားကြပါတယ်။

ကဲ စေတနာရှင်သူငယ်ချင်းလေးနှစ်ဦးအတွက် ပရိသတ်ကြီး သာဓုခေါ်ခဲ့ပါဦးနော်။  

Source : Maryinyin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။