ဖေဖော်ဝါရီလ(၂၁)ရက်နေ့ ညနေ(၄)ခွဲခန့်အချိန်၊ရှမ်းပြည်နယ်၊လားရှိုးမြို့၊ရိုးမဘဏ် အနီးတွင်ချိန်ကိုက်ဗုံး တစ်လုံးပေါက်ကွဲခဲ့တဲ့ သတင်းကတော့ ဝမ်းနည်းထိတ်လန့်ဖွယ် သတင်းတစ်ပုဒ်အဖြစ်နဲ့ လက်တလောလူမှု ကွန်ယက်မှာအရမ်းကိုဟော့ဖြစ်နေပါတယ်။ ဘဏ်ရုံးပိတ်ချိန်(၃း၀၀)နောက်ပိုင်းပေါက်ကွဲခဲ့တာဖြစ်တာကြောင့် ဘဏ်ဝန်ထမ်းတော်တော်များများလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေခဲ့ပါတယ်။အဆိုပါ ဗံုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူစုစုပေါင်း (၂၁)ဦးရှိပြီး သေဆုံးသူ(၂)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါချိန်ကိုက်ဗုံး တစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အသက်ပေးခဲ့ရတဲ့ ဘဏ်ဝန်ထမ်းအမျိုးသမီး မမော်မော်ရဲ့ နောက်ဆုံးခရီး ဈာပနကိုတော့ မနေ့က နေလည်ပိုင်းတွင်ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။တာဝန် ထမ်းဆောင်နေစဉ်အတွင်း အခုလိုထိတ်လန့်ကြောက်ရွံဖွယ် ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံတွေ့ခဲ့ရပြီး အသက်ပေး လိုက်ရတဲ့ ဘဏ်ဝန်ထမ်း မမော်မော်ရဲ့ ဈာပနတွင် ရိုးမဘဏ်နဲ့ မသက်ဆိုင်တော့ပါကြောင်း အမိန့်စာ ပြန်ဆို ချိန်မှာတော့ ယောကျာ်းအရင်အမာကြီးတောင် မျက်ရည်ပေါက်ပေါက်ကျခဲ့ရပါတယ်လို့ လုပ်ဖော်ကိုင်ဖက် ဘဏ် ဝန်ထမ်းအမျိုးသားတစ်ဦးကဆိုပါတယ်။သေဆုံးသူ ဒေါ်မော်မော်၊အသက်(၃၉ )နှစ်ဟာ ဗုံးပေါက်ကွဲမှုကြောင့် ဝဲဘက်ခြမ်းနဖူးမှ နားထင်စပ်ထိ ပေါက်ပြဲဒဏ်ရာရရှိပြီး လားရှိုးမြို့မဆေးရုံကြီး အရေးပေါ်ခွဲစိတ် ကုသဆောင် တွင် ဆေးကုသမှုခံယူနေစဉ်မှာပဲ သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

ထပ်မံသေဆုံးသူတစ်ဦးကတော့ ဒေါ်စန္ဒာထွန်း၊အသက်(၄၆)နှစ်ရှိသူဖြစ်ပြီး ပါးစုတ်ပြဲဒဏ်ရာ၊ ကိုယ်ခန္ဓာစုတ်ပြဲ ဒဏ်ရာများရရှိသေဆုံးခဲ့တာလို့သိရပါတယ်။လက်ရှိမှာတော့ ဒဏ်ရာရသူများကို လားရှိုးမြို့မဆေးရုံကြီး ခွဲစိတ် ကုသဆောင်တွင် တက်ရောက်ကုသ နေသူ(၅)ဦး၊ အရိုးကုသဆောင်တွင် တက်ရောက်ကုသနေသူ(၁)ဦး၊ ပြင်ပ လူနာ(၁၅)ဦး အသီးသီး ဆေးကုသ မှုခံယူနေတာပဲဖြစ်ပါတယ်။ဗုံးပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီးလည်းအသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ လားရှိုးမြို့မရဲစခန်းမှ အရာရှိတစ်ဦးကပြောပါတယ်။

သတင်းအရင်းအမြစ် - Htet Myat Noe’Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။