ဖော်ဝါရီလ၂၀ ရက် ည ရး၃၀ အချိန်ခန့် မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် လမ်းလျောက်လာသူတစ်ဦးအား ဆိုင်ကယ်ဖြင့် အနောက်ကနေ ဝင်တိုက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဆိုင်ကယ်ဖြင့်တိုက်ခံခဲ့ရ တဲ့သူကတော့ စလင်းမြို့၊(၄)ရပ်ကွက်နေ အသက် (၈၀) နှစ်အရွှယ်ရှိ ဒေါ်အုန်းပိုင်ဆိုသူ အမျိုးသမီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရသိရပါတယ်။ဖြစ်စဉ်မှာတော့ ဒေါ်အုန်းပိုင်ဟာ ရွှေလဝင်းသီလရှင်ကျောင်းတိုက်မှထွက်လာကာ ကျွန်းတော်ဦးလမ်းအတိုင်း အနောက်မှအရှေ့သို့ ကားလမ်းရဲ့ တောင်ဘက်မြေသားလမ်းအတိုင်း လမ်းလျှောက်သွားစဉ် အနောက်မှ ဆိုင်ကယ်ဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ 

အဆိုပါ ဆိုင်ကယ်မောင်းနှင်စီးလာသူ ကိုတော့အတိအကျမသိရသေးပဲ စလင်းမြို့မရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှု တွေပြုလုပ်နေတယ်လို့ သိရပါတယ်။ဆိုင်ကယ်မောင်းနှင်သူကတော့ လမ်းလျောက်နေသူ ဒေါ်အုန်းပိုင် အား နောက်မှဝင်ရောက်တိုက်ခိုက်မိခဲ့ပြီး ၎င်းရဲ့ ဆိုင်ကယ်အားအခင်းဖြစ်ပွားရာနေရာတွင် ထားခဲ့ပြီးထွက်ပြေးသွား ခဲ့တာပဲဖြစ်ပါတယ်။ ၎င်းရဲ့တီုယိုမက် ၁၂၅ ဒီတီ ဖြူ နက် ပြာ ဆိုင်ကယ်ကိုတော့ စလင်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားတယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။  

ဆိုင်ကယ်အတိုက်ခံရသူ ဒေါ်အုန်းပိုင်ကတော့ ဒဏ်ရာများရရှိခဲ့တာကြောင့် စလင်းမြို့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ရတာပဲ ဖြစ်ပါတယ်။ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေစဉ်အတွင်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်အားမဆင်မခြင်ပေါ့ဆစွာမောင်းနှင်စီးနင်း၍ လူကိုယ်တိုက်မိပြိးထွက်ပြေးသူကို ဖမ်းဆီးနိုင်ရေးအတွက်စုံစမ်းမှုများပြုလုပ်နေပြီး ဥပဒေအရဆက်လက်အရေးယူ ဆောင်ရွှက်သွားမယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။