Henry အမည်ရ Golden Retriever အမျိုးအစားခွေးလေးဟာ Newportကမ်းခြေ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ စွန့်ပစ်ခံခဲ့ရပါတယ်။ ခွေးလေးဟာ ဗိုက်ထဲက အကြိတ်ကြီးကြောင့် လမ်းလျှောက်ဖို်နဲ့ အညစ်အကြေးစွန့်ဖို့တောင် ခက်ခဲနေခဲ့ရတာကို တွေ့ရမှာပါ။ 

Henryရဲ့ အရင်ပိုင်ရှင်ဖြစ်သူဟာ ဗိုက်ထဲက အကြိတ်အလုံးကြီး ခွဲထုတ်ဖို့ရာငွေကြေး မတတ်နိုင်တဲ့အတွက် စွန့်ပစ်သွားခဲ့တာလို့ ယူဆလို့ရပါတယ်။ Henryဟာ အသက်ရှစ်နှစ်နီးပါးရှိပြီဖြစ်ပြီး ဗိုက်ထဲက အကြိတ်ကြီးကြောင့် ညာဘက်ခြေထောက်လှုပ်ရှားဖို့ ခက်ခဲနေခဲ့တာပါ။

ဒါပေမယ့် Henryဟာ တာဝန်ရှိသူတွေရဲ့ ကယ်ဆယ်ခြင်းကို ခံခဲ့ရပြီး ဗိုက်ထဲကအကြိတ်ကြီးကို တစ်လအကြာမှာ ဖယ်ရှားနိုင်ခဲ့ပါတယ်။ Henryရဲ့ အရင်ပိုင်ရှင်ဖြစ်သူ Sherri Haughton ဟာ Henry ကို စွန့်ပစ်ထားခဲ့တဲ့အတွက် ထောင်ဒဏ်နှစ်နှစ်အထိ အပြစ်ပေးခံရဖွယ်ရှိနေပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။