ဖေဖေါ်ဝါရီလ(၂၁) မွန်းလွဲ (၂) နာရီအချိန်ခန့်ကျိုက်မရောမြို့နယ်၊အသက်(၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ သေဆုံးသူသမီးငယ်လေးကတော့ ရေပူကော့စပ်ကျေးရွာ အုပ်စုပ် သရက်ကုန်းကျေးရွာတွင်နေထိုင်တဲ့ မနှင်းမှုံချယ်ရီဦး (ခ) မချစ်ချစ်ချော ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ စစ်ဆေး ချက်အရသိရပါတယ်။၎င်းသေဆုံးမှုဖြစ်စဉ်မှာတော့ သရက်ကုန်းကျေးရွာအနီး ရေပူအုန်းခြံဘုန်းကြီးကျောင်း ဝင်းအတွင်းရှိ သဘာဝရေပူကန်အတွင်း ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

သေဆုံးသူ မနှင်းမှုံချယ်ရီဦးဟာ ရေပူအုန်းခြံဘုန်းကြီးကျောင်းပဌာန်းပိတ်ပွဲ သို့ သွားရောက်ရာမှ ညနေ (၆) နာရီထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။အဆိုပါ မနှင်းမှုံချယ်ရီဦး လေးပျောက်ဆုံးနေတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူရွှာသားများမှ လိုက်လံရှာဖွေခဲ့ရမှာတော့ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ သဘာဝရေပူကန်အတွင်း မှောက်လျှက်အနေအထားဖြင့် ရှာဖွေတွေ့ရှိခဲ့ တာ ဖြစ်တယ်လို့သိရပါတယ်။ရေနစ်သေဆုံးသူသမီးလေးအား ဆယ်ယူစစ်ဆေးခဲ့ရာမှာတော့ မျက်နှာနှင့် ခန္ဓာကိုယ်တွင် ရေပူကြောင့်အပူလောင်သောလက္ခဏာများနှင့် သေဆုံးနေတာဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ 

လက်ရှိမှာတော့ သေဆုံးသူ မနှင်းမှုံချယ်ရီဦးရဲ့ အလောင်းအား ကျိုက်မရောမြို့နယ်၊ဆေးရုံကြီးသို့ ပို့ဆောင် ခဲ့ပြီးစစ်ဆေးချက်များပြုလုပ်လျက်ရှိတယ်လို့ ရဲမှတ်တမ်းများအရသိရပါတယ်။ဆက်လက်ပြီး ချောင်းနှစ်ခွ ရဲစခန်းတွင်လည်း သေမှုသေခင်း အရဖွင့်အရေးယူဆောင်ရွှက်လျက်ရှိတယ်လို့ သိရပါတယ်။  

သတင်းအရင်းအမြစ် - မြန်မာ့အလင်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။