အနုပညာလောကရဲ့ နောက်တက်မင်းသမီးတွေထဲမှာ ပရိသတ်လက်ခံအားပေးမှုကို ရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်သူကတော့ ပက်ထရစ်ရှာ ပါ။ မင်းသား အောင်ရဲလင်းနဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ "မကြွေပါနဲ့ ဆာကူရာ" ဇာတ်ကားက စတင်လို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပရိသတ်အခိုင်အမာနဲ့အတူ အောင်မြင်တဲ့ ခေါင်းဆောင်မင်းသမီးတစ်လက်အဖြစ် ရပ်တည်လို့နေပါတယ်။ 

အများနဲ့မတူ တမူထူးတဲ့ ရုပ်ရည်သွင်ပြင်ကို ပိုင်ဆိုင်ထားတဲ့ ပက်ထရစ်ကတော့ ပရိသတ်တွေကို အမြဲပွင့်ပွင့်လင်းလင်းဆက်ဆံလေ့ရှိသူလည်းဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးနဲ့ပတ်သတ်လို့လည်း ပရိသတ်ကို ချပြထားသူဖြစ်ပြီး လက်ရှိမှာတော့ သူမရဲ့ပရိသတ်တွေက လက်ခံအားပေးနေကြပြီဖြစ်ပါတယ်။ ရှာရှာကတော့ သူမရဲ့ Fan page မှာ ဓာတ်ပုံလေးတွေအမြဲတင်ပေးတတ်ပြီး နောက်ဆုံးတင်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေကြား ရေပန်းစားလို့နေပါတယ်။ 

ဒီဓာတ်ပုံလေးတွေကို သူမရဲ့ instagram မှာလည်း update လုပ်ထားပြီး "Feeling like a Barbie girl" ဆိုပြီး ရေးသားထားပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ အတော်လေးသဘောကျနေတာတွေရပြီး ပန်းရောင်သမ်းတဲ့ ဂါဝန်ကြီးကို ဝတ်ဆင်ထားတဲ့ ရှာရှာတစ်ယောက်ကတော့ တကယ်ကို ဘာဘီလေးနဲ့တူလို့နေပါတယ် ပရိသတ်ကြီးရေ......

Photo: Pactria

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။