ပြီးခဲ့တဲ့ ဇန်နဝါရီလက လက်ထပ်ခဲ့ကြတဲ့ မောင်ထက်ဦးလှိုင် နဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ ပြည်ပကို ပြန်လည်ထွက်ခွာသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။ နှစ်ဦးလုံးဟာ ငယ်သူငယ်ချင်းတွေဖြစ်ပြကြီး သြစတြေးလျနိုင်ငံ Melbone မှာ အတူပညာသင်နေကြရင်း လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲဟာ လူမှုစာမျက်နှာတွေထက်မှာ အတော်လေးရေပန်းစားခဲ့ပြီး ကောလဟာလတွေနဲ့ ဝေဖန်သံတွေလည်း အတော်လေးဆူညံခဲ့ပါတယ်။ 

လက်ရှိမှာတော့ မပြီးဆုံးသေးတဲ့ ပညာရေးအတွက်လဇနီးမောင်နှံနှစ်ဦးအတူ သြစတြေးလျကို ပြန်သွားခဲ့ပြီး ကျောင်းဆက်တယ်နေကြတယ်လို့ သိရပါတယ်။ ခေး လေးဟာ အိမ်ထောင်ပြုသွားပေမဲ့လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့ထက်ထိရရှိထားပြီး သူမရဲ့ Video လေးတွေ ကြော်ငြာတွေနဲ့ Instagram update တွေဟာ ပရိသတ်တွေကြား စိတ်ဝင်စားစရာ ကောင်းနေဆဲပဲဖြစ်ပါတယ်။

သူမရဲ့ instagram မှာတော့ ခင်ပွန်းဖြစ်သူက သူမကို make-up ပြင်ပေးထားတဲ့ vidoe clip အတိုလေးတစ်ခုကို တင်ထားတာတွေ့ရပါတယ်။ ဒီ video လေးကတော့ လွန်ခဲ့တဲ့ တစ်နှစ်ထဲကရိုက်ထားခဲ့တာဖြစ်တယ်လို့လည်း သူမကပြောပြထားပါတယ်။ ခေးလေးတစ်ယောက်ကတော့ လက်ရှိမှာတော့ ချစ်ရသူနဲ့အတူ ပညာဆက်လက်သင်ယူနေပြီး ပျော်စရာကောင်းတဲ့ အချိန်လေးတွေကို ဖြတ်သန်းလို့နေပါတယ် ပရိသတ်ကြီးရေ...

Photo: yunwlm instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။