ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နေလည်ပိုင်းအချိန်၊ ကချင်ပြည်နယ် မိုးကောင်းမြို့တွင် အုပ်စုဖွဲ့ဆိုင်ကယ်ခိုးယူနေ သူများအားဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဖမ်ဆီးရမိခဲ့တဲ့ အုပ်စုဖွဲ့ဆိုင်ကယ်ခိုးယူနေသူများကတော့ စုစုပေါင်း(၅)ဦးဖမ်းဆီးရမိခဲ့ပြီး မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များက (၂)ရက်အတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။၎င်းတရားခံများ ခိုးယူထားတဲ့ ဆိုင်ကယ်အရေအတွက် စုစုပေါင်း(၁၄)စီးနဲ့အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့ မိုးကောင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောပါတယ်။ 

အဆိုပါဖြစ်စဉ်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မော်တော်ဆိုင်ကယ်များမကြာခဏဆိုသလို ပျောက်ဆုံးနေ ကြောင်း မြို့မရဲစခန်းသို့ တိုင်ကြားချက်များရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါအကြောင်းကြား တိုင်တန်း ချက်များအရ နယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်ကြီးမြင့်ကိုကို ဦးစီးတပ်ဖွဲ့ဝင်များက ဆက်တိုက်ဆိုသလို စုံစမ်း ရှာဖွေဖော်ထုတ်မှုတွေ ပြုလုပ်နေခဲ့တာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၂ရက်နှင့်၂၃ရက်အတွင်း ဆိုင်ကယ်ခိုးယူသူ ကိုသက်သေခံ ဆိုင်ကယ်များနဲ့တကွ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

၎င်းဆိုင်ကယ်ခိုးယူသူတရားခံများကတော့ မိုးကောင်းမြို့ မြို့ဦးရပ်ကွက်နေသူများဖြစ်တဲ့ ကိုထွေး(ခ) ပြည့်ဖြိုး လင်း(၂၀)နှစ်၊နေမင်းထွန်း(ခ)ဂွတ်တီ(၁၉)နှစ်၊ထွန်းလင်း(ခ)သူရ၊ကျော်ဆန်း(ခ)မိုးဒီ(၁၉)နှစ်၊လမင်းထွန်း(၁၇)နှစ်တို့ ၅ ဦးပဲဖြစ်ပါတယ်။၎င်းတို့နဲ့ အတူခိုးယူထားခဲ့တဲ့ ဆိုင်ကယ် ၁၄ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာ ကြောင့် မိုးကောင်းမြို့မရဲစခန်းတွင် အရေးယူထားတာပဲဖြစ်ပါတယ်။အဆိုပါတရားခံများအား လက်ရှိတည်ဆဲ ဥပဒေများဖြင့်ဆက်လက် အရေးယူဆောင်ရွှက်သွားမှာဖြစ်တယ်လို့ မိုးကောင်းမြို့မရဲစခန်းမှရဲအရာရှိတစ်ဦးက ပြောပါတယ်။  

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။