ဒီမင်္ဂလာဆောင်မှာတော့ အမြွှာသတို့သားနဲ့ အမြွှာသတို့သမီး စုံတွဲနှစ်တွဲ၊ ကောင်းချီးပေးဖို့အတွက် အမြွှာဘုန်းတော်ကြီးနှစ်ယောက်၊ အမြွှာကလေးငယ်စုံတွဲနှစ်တွဲတို့ ပါဝင်ပါတယ်။

ဒီမင်္ဂလာဆောင်ကိုလာတဲ့ဧည့်သည်တွေကတော့ အရာအားလုံးကို နှစ်ခုစီမြင်နေကသလိုဖြစ်မှာပါ။ ရိုးရှင်းပေမယ့် အမြွှာတွေနဲ့သာကျင်းပတဲ့ အဆိုပါမင်္ဂလာပွဲဟာ အများနဲ့မတူထူးခြားပြီး မမေ့နိုင်အောင်ဖြစ်နေမှာပါ။ 

Dinker နဲ့ Dilraj Varikkassery အမည်ရ အမြွှာညီအစ်ကိုတွေဟာ တစ်ဦးကိုတစ်ဦးအရမ်းချစ်ကြတာဖြစ်ပြီး ငယ်ငယ်ကတည်းကနေ အလုပ်ဝင်တာတောင် ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်ဝင်တာအထိ တူတူရှိနေခဲ့ကြတာဖြစ်ပါတယ်။ 

သူတို့အမြွှာညီအစ်ကိုဟာ တစ်ယောက်ကိုတစ်ယောက်ချစ်လွန်းလို့ လက်ထပ်ရင်တောင်မှ အမြွှာညီအစ်မကိုသာ လက်ထပ်မယ်လို့ ကတိထားခဲ့ကြပါတယ်။ ဒါကြောင့် အမြွှာညီအစ်မဖြစ်တဲ့ Reena နဲ့ Reemaကိုတွေ့တဲ့အချိန်မှာ သူတို့ညီအစ်မနှစ်ယောက်နဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

အမြွှာကလေးငယ်စုံတွဲကိုတော့ သူတို့အနားက ကျေးရွာတစ်ရွာကနေ ရွေးချယ်ခဲ့တာဖြစ်ပြီး ကောင်းချီးပေးဖို့အတွက် အမြွှာဘုန်းကြီးတွေကိုတော့ အဝေးကနေ ပင့်ဖိတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမင်္ဂလာပွဲမှာတော့ အမြွှာစုံတွဲ ရတွဲနဲ့ ကျင်းပခဲ့ပြီး တူညီတဲ့မျက်နှာတွေကို တွေ့နေရမှာပဲဖြစ်ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။