ချစ်စရာကောင်းတဲ့ကောင်မလေး အိန်ဂျယ်လမုန့်ကိုတော့ ချစ်ပရိသတ်တွထွေထွေထူးထူး မိတ်ဆက်ပေးစရာ မလိုလောက်တော့ဘူးထင်ပါတယ်။လက်တလောမှာ လူမှုကွန်ယက်မှာ မင်းသားချောပိုင်တံခွန်နဲ့ RS ချိတ်လိုက် ပြီဆိုတဲ့ သတင်းလေးတွေနဲ့ ပရိသတ်တွေစိတ်ဝင်စားမှု အများဆုံးရရှိနေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။မကြာသေး မှာတော့ ပရိသတ်တွေထင်နေတဲ့ သူတို့နှစ်ယောက်က ချစ်သူတွေ မဟုတ်ပဲပရိသတ်တွေကို စနောက်လိုက်ကြ တာသာဖြစ်တယ်လို့ သူတို့စနောက်ခဲ့တဲ့အပေါ် ပြန်လည်ရှင်းပြတောင်းပန်လိုက်ပြန်တာကြောင့် ပရိသတ်တွေ စိတ်တိုရမလား ဝမ်းသာရမလားဖြစ်ခဲ့ကြရပါတယ်။

ပိုင်တံခွန်နဲ့ အတွဲညီညီဘော်ဒီလိုးရှင်းကြော်ငြာလေးတစ်ခုနဲ့ ပရိသတ်တွေသတိထားမိလာတဲ့ သူမကတော့ ပရိသတ်တွေထင်သလို ပိုင်တံခွန်နဲ့ ချစ်သူတွေမဟုတ်ပဲ မောင်နှမအရင်းတွေလို ခင်မင်ရင်းနှီးတဲ့ သူတွေပါ လို့ပြောပြခဲ့ပါတယ်။ပရိသတ်တွေကို ချစ်လို့ စချင်နောက်ချင်ရုံသက်သက် ဆေးထိုးခဲ့ကြပေမယ့် တကယ်ထင် နေတဲ့ ပရိသတ်တွေအတွက်ပြန်လည် ဖြေရှင်းပြလိုက်တာပဲ ဖြစ်ပါတယ်။သူမရဲ့ လူမှုကွန်ယက်မှာလည်း ပိုစ့် လေးတွေ တင်တိုင်း “ကို”ဆိုတဲ့စကာလေးကို ထည့်ရေးခဲ့တာကလည်း သူတို့နှစ်ယောက်ရဲ့ ကြိုတင်စီစဉ်ခဲ့တဲ့ စနောက်မှုလေးတွေပါပဲတဲ့နော်။

ဒီနေ့လူမှုကွန်ယက်မှာလည်း “မင်းအတွက် ကိုယ်ဟာ ကစားစရာ အရုပ်မဟုတ်ပါဘူး”ဆိုတဲ့ စာလေးနဲ့ အတူ သူမရဲ့ချစ်စရာကောင်းတဲ့ ပုံလေးတစ်ပုံတင်လိုက်ပြန်ပါတယ်။ချစ်ပရိသတ်တွေကတော့ ကစားစရာအရုပ်လေး မဟုတ်ပဲ ပရိသတ်တွေရဲ့ နှလုံးသားတွေကို ဖမ်းစားနေတဲ့ ချစ်စရာအရုပ်မလေးပါလို့ ကွန်းမန့်လေးတွေ ပြန်ရေး နေကြတာပဲဖြစ်ပါတယ်။သူတို့ရဲ့စနောက်မှုလေးတွေကြောင့် အထင်လွဲနေတဲ့ ပရိသတ်တွေလည်း အမှန်ကို သိလိုက်ရတော့ကျေနပ်မယ်လို့ ယုံကြည်ပါတယ်။ချစ်ပရိသတ်တွေ ချစ်လို့စနောက်ခဲ့ကြတဲ့ သူတို့လေးတွေကို ဗွေမယူပဲ ဆက်ချစ်ပေးလိုက်ကြပါအုန်းနော်။ 

သတင်းအရင်းအမြစ် - အိန်ဂျယ်လမုန် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။