ပင်လယ်သတ္တဝါတစ်မျိုးဖြစ်တဲ့ ဂဏန်းတွေဟာ ရေထဲမှာရော ကုန်းပေါ်မှာပါ အသက် ရှင်နိုင်တဲ့ တွားသွားသတ္တဝါတစ်မျိုးပါ။ အခုလည်း Charistmas လို့အမည်ရတဲ့ ကျွန်းငယ် က လေးမှာတော့ နှစ်စဉ် ခရစ္စမတ်ရာသီချိန်ရောက်တိုင်း ကမ္ဘာလှည့်ခရီးသွားတွေ အပြည့်နဲ့ ပြည့်နှက်လို့နေပါတယ်။

ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်ထားနိုင်တဲ့ ဒီကျွန်းငယ်လေးရဲ့ ထူးခြားချက်ကတော့ နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်းမှာသန်းနဲ့ချီတဲ့ ဂဏန်းငယ်လေးတွေ စတင်ရောက် ရှိလာလို့ပဲ ဖြစ်ပါတယ်။

ဂဏန်းငယ်ကလေးတွေဟာ ကျွန်းတစ်ခုလုံးရဲ့ မြေနေရာလပ်မကျန်လောက်အောင်ကို အပြည့်အသိပ်နဲ့ ကြည့်မဝတဲ့သဘာဝအလှတရားကြီးတစ်ခုလို ခရီးသွားတွေကို ဆွဲဆောင် နေလို့ပါပဲ ။

ထိုးဆိတ်ခြင်း၊ အန္တာရာယ်ပြုခြင်း လုံးဝအလျဉ်းမရှိပဲ အရွယ်ရောက်လာတဲ့အခါ ပင်လယ်ထဲဆင်းသွားတက်သလို တချို့ကလည်း ဒီကျွန်းလေးမှာပဲ တွင်းအောင်းကာ နေထိုင်တက်ကြတယ်လို့ ဆိုပါတယ်။

ဂဏန်းငယ်ကလေးတွေကို လာရောက်ကြည့်ရှုတွေအတွက် ကားလမ်းတစ်ခုဖောက်လုပ်ပေး ထားပြီး ကားလမ်းငယ်လေးတစ်ဖက်တစ်ချက်မှာတော့ အသည်းယားလောက်အောင်ကို ဂဏန်းငယ်ကလေးတွေနဲ့ ပုံထဲကအတိုင်းပြည့်နှက်နေတာကို မြင်တွေ့ရမှာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။