Xiaomi မှ Redmi Note 5 Pro ကို ပြီးခဲ့သည့်ရက်များက ပြသသွားခဲ့ပြီး ယခုအခါ ပထမဆုံးအကြိမ်အဖြစ် Flash Sale ကို စတင်ခဲ့သည်။ Xiaomi India ၏အဆိုအရ ဖုန်းအလုံးရေ 300000 သည် သုံးမိနစ်မပြည့်မီ ကုန်သွားခဲ့သည်ဟု သိရပြီး Twitter ပေါ်ရှိ စိတ်ပျက်နေသော ပရိသတ်များ ကမူ ဖုန်းသည် 10 စက္ကန့်အတွင်း ပစ္စည်းကုန်သွားခဲ့ကာ မှာယူမှုအချို့ဆို လျှင် ပျက်ပြယ်သွားခဲ့ကြောင်း ဆိုကြသည်။ 

ပထမဆုံး Flash Sale ကို 'biggest Sale in the history of smartphones' ဟု Xiaomi India မှ ခပ်ကြွားကြွား ကြေညာခဲ့ကြောင်း သိရှိရသည်။ သုံးစွဲသူတစ်ဦးမှာမူ Site မှာ စက္ကန့်ပိုင်းအတွင်း Crashed ဖြစ်သွားခဲ့ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။ ပရိသတ်တစ်ဦးကမူ 'out of Order' စာတန်းသည် 10 စက္ကန့်နှင့် တက်လာ ခဲ့သည်ဟုဆို၏။ နောက်ထပ် Flash Sale မှာ ဖေဖော်ဝါရီ 28 ရက်တွင် ဖြစ် သည်။ 

Remi Note 5 သည် Champagne Gold, Rose Gold, Light Blue နှင့် Black အရောင်များ ရရှိမည်ဖြစ်သည်။ 4GB/64GB အတွက် INR 13,999($215)နှင့် 6GB RAM အတွက် INR 16999 ($261) သတ်မှတ်ထားသည်။ Redmi Note 5 Pro ရဲ့ အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲ ပရိသတ်ကြီးရေ။

Source : Net Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။