Samsung Galaxy S9 ကို တရားဝင် ကြေညာဖို့ ရက်ပိုင်းသာလိုပါတော့ တယ်။ အခုတော့ သူ့ကိုရောင်းချမယ့် ဈေးနှုန်းများပေါက်ကြားထွက်ပေါ်လာ ပါတယ်။ အခြေခံဈေးနှုန်းများအနေဖြင့် S9 ဟာယူရို ၈၄၁ နဲ့ S9 Plus ဟာယူရို ၉၉၇ တန်ကြေးရှိမယ်လို့ Evan Blass က ပြောပါတယ်။ ဒေါ်လာအားဖြင့် ၁၀၃၈ နဲ့ ၁၂၂၉ အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် 64GB Model ကို ၉၉၉ ဒေါ်လာနဲ့ ရောင်းချနေတဲ့ Apple iPhone X နဲ့ ဈေးနှုန်းချင်းယှဉ်ပြိုင်တော့မှာပါ။ 

ယခင်ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရGalaxy S9 မှာ ၅.၇၇ လက်မမျက်နှာပြင်နဲ့ S9+ မှာ ၆.၂၂ လက်မမျက်နှာပြင်များတပ်ဆင် ထားမှာပါ။ 4GB RAM နဲ့ 6GB RAM များအသီးသီးထည့်ပေးထားမှာပါ။ ဘက်ထရီအပိုင်းမှာ 3000mAh နဲ့ 3500mAh များအသီးသီးထည့်သွင်း ထားမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်နဲ့ ကြိုးမဲ့အားသွင်းနည်းပညာများ ဟာလည်းတိုးတက်လာမယ်လို့မျှော်လင့်ရပါတယ်။

S9 ရဲ့အနောက်ဘက်မှာကင်မရာတစ်လုံးနဲ့ S9+ ရဲ့အနောက်ဘက်မှာ ကင်မရာနှစ်လုံးပါမယ်လို့သတင်းထွက်နေပါတယ်။S9 ရဲ့ အနောက်ဘက် မှာ OIS ပါတဲ့ 12MP Camera ၁ လုံးနဲ့ S9+ ရဲ့ အနောက်ဘက်မှာ 12+12MP Camera ၂ လုံးပါလာနိုင်ပါတယ်။ ရှေ့ကင်မရာမှာတော့ ဖုန်း၂လုံးလုံးမှာ 8-Megapixel Selfieကင်မရာတွေကိုသုံးထားပြီး Autofocus နဲ့မျက်ဝန်းဖတ် Iris Recognition စနစ်တွေပါဝင်မှာဖြစ် ပါတယ်။ အနှေးဗီဒီယိုများရိုက်ကူးတဲ့ ဖရိမ်နှုန်းဟာ S9 မှာ မြင့်မားလာပြီး Full HD အရည်အသွေးဖြင့် 480fps အထိထောက်ပံ့လာမှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲအပြီးနောက်တစ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှာ ကြိုတင်မှာယူခွင့်ပြုပြီးမတ်လ ၁၆ ရက်နေ့မှာပို့ဆောင်ပေးနိုင်ပါတယ်။

Source : MobileGuide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။