ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မေသန်းနုကို ငွေကျပ် သိန်း(၄၀၀) လိမ်လည်မှုကြောင့် ရာဇသတ်ကြီးပုဒ်မ (၄၂၀) ဖြင့် တရားစွဲဆိို လိုက်ပြီဖြစ်ကြောင်း ရန်ကင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက သံလွင်တိုင်းမ် သို့ပြောကြားခဲ့ပါတယ်။

မေသန်းနုက သင်္ဃန်းကျွန်းမြို့နယ်က မြေကွက်ပေါ်တွင် (၈) ထပ်တိုက်ဆောက်ရန် ကန်ထရိုက်ရရှိထားပြီး အဆိုပါတိုက်ခန်းကို ကြိုပွိုင့် စနစ်ဖြင့်တိုက်ခန်းဝယ်ယူပါက အမြတ်အစွန်းပိုမိုရရှိမည်ဟု ပြောဆိုသောကြောင့် စရန်ငွေ သိန်း(၄၀၀) ပေးခဲ့ပြီး ပြန်မရသည့်အတွက် တရားလို ဒေါ်စန်းစန်းမြင့်က အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ သိရှိခဲ့ရပါတယ်။

ယင်းကန်ထရိုက်မှာ မေသန်းနုမှ အမှန်တကယ်ဆောက်လုပ်ခွင့်မရရှိထားကြောင်း၊ အဆိုပါအမှုအတွက် ဒီဇင်ဘာလ (၁၃) ရက်နေ့က မေသန်းနုကိုယ်တိုင် အာမခံလျှောက်ထားခဲ့ပြီး ဒီဇင်ဘာ (၂၇) ရက်နေ့တွင် အစစ်ဆေးခံရန် ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ကြောင်း အဆိုပါ စခန်းမှ သတင်းရရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။