လာမယ့် ရက်ပိုင်းအတွင်းမှာကျင်းပမယ့် MWC ပွဲမှာဆိုနီက စွမ်းဆောင်ရည်မြင့် Xperia XZ2 ကို ပြသမှာ ဖြစ်ပါတယ်။ ပွဲမတိုင်ခင်မှာပဲ သူ့ရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံများပေါက်ကြားထွက်ပေါ်လာ ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာယခင်မျိုးဆက်များနဲ့ ကွဲပြားနေပါတယ်။ ဆိုနီကလည်းဒီဇိုင်းပြောင်းထားမယ်လို့ ယခင်ကအတည်ပြုထားပါတယ်။ 

သူ့မှာ 18:9 Display ကိုပြောင်းလဲအသုံးပြုထားမှာ ဖြစ်ပါတယ်။ Xperia XZ2 ရဲ့ပုံစံကတော့ Sony ရဲ့Omnibalanceဒီဇိုင်းကနေသွေဖည် မသွားပါဘူး။Xperia XZ2 နဲ့ Compact ၂မျိုးလုံးမှာ Qualcomm Snapdragon 845 SoCတွေသုံးထားပြီးအရွယ်ကြီးတဲ့ဖုန်းအတွက် 3180 mAh ၊ ဘက်ထရီအရွယ်သေးတဲ့ဖုန်းအတွက် 2870mAh ဘက်ထရီထည့် ပေးထားမှာ ဖြစ်ပါတယ်။

အနောက်ဘက်မှာ 19MP Camera တပ်ဆင်ထားပြီး 4K HDR Video များရိုက်ကူးနိုင်ပါတယ်။ မနှစ်က XZ Premium တွေမှာမိတ်ဆက်ခဲ့တဲ့ super-slow-motion feature လည်းပါလာဦးမှာပါ။Xperia XZ2 ကိုဖန်ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီးတောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Xperia XZ2 Compact ကတော့ပိုလီကာဗွန်နိတ် ကိုယ်ထည်ဖြစ်ပြီး ထွက်ထားတဲ့သတင်းအရထွက်လာမယ့်အရောင်တွေ ကတော့ အနက်၊ငွေရောင်၊အစိမ်းရောင်နဲ့ပန်းရောင်တွေပါ။

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။