ခွေးသားရောင်းဝယ်မှု အကြီးဆုံးစျေးအတွင်း ခွေးသတ်ဖြတ်ရောင်းဝယ်မှု ကို တောင်ကိုးရီးယား ပိတ်ပင်

တောင်ကိုးရီးယားနိုင်ငံရဲ့ အကြီးမားဆုံး ခွေးသားရောင်းဝယ်တဲ့ စျေး မှာ ခွေးတွေ သတ်ဖြတ်ရောင်းဝယ်မှုကို တောင်ကိုးရီးယား အစိုးရက ပိတ်ပင်လိုက်ပါတယ်။

ဆောင်းနမ်မြို့ရဲ့ အာဏာပိုင်တွေနဲ့ ပျံကျစျေးသည်များ အသင်းရဲ့ သဘောတူညီချက်အရ စျေးအတွင်းက သတ်ဖြတ်တဲ့ ကိရိယာတွေကို ဒီတစ်ပတ်အတွင်း နောက်ဆုံးထားလို့ ရွေ့ပြောင်းပေးရမှာ ဖြစ်တယ်လို့ ကိုးရီးယား ဟာရယ် သတင်းစာမှာ ဖော်ပြပါတယ်။ အဲဒီစျေးမှာရှိ တဲ့ ခွေးသားရောင်းဝယ် ဖောက်ကားသူ စျေးသည် ၂၂ ဦးဟာ အခြားလုပ်ငန်း ကို ပြောင်းရွှေ့လုပ်ကိုင်ရမှာ ဖြစ်တဲ့အတွက် ဘဏ္ဍာရေးအရ ထောက်ပံ့ငွေတွေလည်း ရရှိမှာဖြစ်ပါတယ်။

ဆောင်းနမ်ရဲ့ မြို့တော်ဝန် လီဂျေမြောင်းက “ဆောင်းနမ်မြို့တော်ဟာ တိရစ္ဆာန်တွေရဲ့ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်နေတဲ့ အဖြစ်ကနေ အခုလို ဆောင်ရွက်မှုတွေက ကောင်းမွန်တဲ့ ပြောင်းလဲရေးအတွက် ဆောင်ရွက်မှုအဖြစ် အကဲဖြတ်ခံရတော့မှာ ဖြစ်တယ်” လို့ တခြားတောင်ကိုးရီး ယား မြို့တော်တွေလိုပဲ တိရစ္ဆာန် အခွင့်အရေး ကာကွယ်ရေးအတွက် မှတ်တမ်းတင်ခံရနိုင်မှုကို ရည်ညွန်းပြောဆိုပါတယ်။

တောင်ကိုးရီးယား တိရစ္ဆာန် ကာကွယ်ရေး အသင်းကတော့ အပြည့်အဝ အကောင်ထည်ဖော်နိုင်မှု မရှိမှု ဖြစ်ကောင်း ဖြစ်လာနိုင်မှု အပေါ် စိုးရိမ်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့က အမြဲမပြတ် ခွေးသားရောင်းတဲ့ ဆိုင်တွေနဲ့ ပတ်သက်လို့ အချက်လက်တွေ ကောက်ယူ စုဆောင်းနေတာပါ။ တကယ်လို့ အဲဒီခွေးသားရောင်းတဲ့ ဆိုင်တွေ ပိတ်လိုက်မယ် ဆိုရင်တောင် မြို့တော် အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ ခွေးသားရောင်း ဝယ် ဖောက်ကား သတ်ဖြတ်မှုတွေကို အဆုံးစွန်အထိ ပိတ်ပင်ဖို့ လိုပါတယ်လို့ ကာကွယ်ရေးအသင်းက ဂျန်အင်ရောင်းက ပြောပါတယ်။

အဲဒီ ပိ်တ်လိုက်တဲ့ မိုရမ်စျေးဟာ တောင်ကိုးရီးယား ခွေးသား စျေးကွက်ရဲ့ သုံးပုံ တစ်ပုံလောက်ကို ရောင်းဝယ် ဖောက်ကားနေ တဲ့ စျေးလည်း ဖြစ်ပါ တယ်။

Ref - BBC Burmese 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။