ကမ္ဘာပေါ်မှာ ကျော်ကြားလှတဲ့ အဆောက်အအုံအစုဝေး ပုံစံငယ်တွေ ရှိနေတဲ့ ဒီနေရာကို Ave Maria Grotto လို့ အမည်ပေးထားပါတယ်။ ဒီနေရာဟာ အမေရိကန်နိုင်ငံ၊ အာလာဘားမားပြည်နယ်ရဲ့ Cullman မြို့က Benedictine Monastery မှာတည်ရှိပြီး လွန်ခဲ့ တဲ့ နှစ်ပေါင်း ၁၀၀ ခန့်က Brother Joseph Zoettel ဆိုသူက စတင် တည်ဆောက်ခဲ့ပါတယ်။ သူဟာဒီလိုတည်ဆောက်တဲ့နေရာမှာအုတ်၊ စကျင်ကျောက်၊ အုတ်ကြွပ်၊ ဘိလပ်မြေ တို့ကိုအသုံးပြုခဲ့တဲ့အပြင် အခြားနေ့စဉ်အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ ခရား၊ ကျောက်မျက်ရ

တနာတွေ အပြင် အိမ်သာထိုင်ခုံတွေကိုတောင်မှ ထည့်သွင်းပြီး အသေး စိတ်တည်ဆောက်ထားပါတယ်။

Zoettel ဟာ ဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရာမှကျန်တဲ့ ပစ္စည်းတွေနဲ့ ဒီအဆောက်အအုံငယ်တွေကို ၁၉၁၈ ခုနှစ် မှာ စတင်တည်ဆောက် ခဲ့ပါတယ်။ အစတုန်းက ဒီပုံစံငယ်တွေကို ဘုန်းတေ်ာကြီးကျောင်းပြင်ပမှာ ထားခဲ့ပေမယ့်ကြည့်ရှု့တဲ့ခရီးသွားတွေများလာတဲ့အခါဘုန်းတော်ကြီးကျောင်းထဲကိုပြန်လည်ရွှေ့ပြောင်းခဲ့ပါတယ်။ နာမည်ကိုတော့ Ave Maria Grotto လို့ ၁၉၃၄ ခုနှစ် မှာ အမည်ပေးခဲ့ပါတယ်။ ဒီပုံစံငယ်တွေထဲမှာ ကမ္ဘာ့နာမည်ကြီးဘုန်းတော်ကြီး ကျောင်းတွေအပြင်၊ တာဝါ၊ သချုၤိင်းဂူ၊ နန်းတော် ၊ရဲတိုက်တွေလည်းပါဝင်ပါတယ်။

Zoettel နောက်ဆုံးဆောက်ခဲ့တဲ့ပုံစံငယ်ကတော့ Basilica in Lourdes ဖြစ်ပြီးသူအသက် ၈၀ အရွယ်၊ ၁၉၅၈ ခုနှစ် မှာတည်ဆောက်ခဲ့ပါတယ်။ အဆောက်အအုံ ပုံစံငယ်စုစုပေါင်း ၁၂၀ ကျော်လောက် ရှိပါတယ်။ Zoettel ဟာ ဒီပုံစံတွေကိုဓာတ်ပုံအဟောင်းတွေနဲ့ပိုစ့်စကဒ်တွေပေါ်မှာ အခြေခံပြီး တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့်တကယ့်အရွယ်အစားအတိုင်း အတာကို သူဟာမခန့်မှန်းနိုင်ပဲစိတ်ကူးနဲ့ မှန်းပြီးတည်ဆောက်ထားတာကြောင့် အရွယ်အစားတွေဟာ မတူညီကြပါဘူး။ နောက်ဆုံးမှာတော့ ဒီ Ave MariaGrotto ကို အလာဘားမားပြည်နယ်ရဲ့ ထိန်းသိမ်းရမယ့် အမွေအနှစ်နေရာတစ်ခု အဖြစ် စာရင်း သွင်း ခံခဲ့ရပါတယ်။ ခုချိန်မှာတော့ ဒီနေရာဟာ ခရီးသွားတွေကို အလွန်ဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်နေခဲ့ပါပြီ။ 

Source: Thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။